အပိုင်း တစ်

2.1K 126 9
                                    

Jimin shii!! Jimin ahh!! jiminie saranghae!!

နာမ်စားအမျိုးမျိုးနဲ့ထွက်လာတဲ့ အော်ခေါ်သံတွေကြားနှုတ်ခမ်းဖူးဖူးတို့ထက် အပြုံးလှလှလေးကချိတ်ဆွဲနေခဲ့သည်။ ပရိတ်သတ်တွေတိုးဝှေ့လာတာကြောင့် အထိအခိုက်မရှိရအောင်မန်နေဂျာ hyung တွေကသေ‌ချာကာကွယ်ပေးသည်။

နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပြီး နွေးထွေးတဲ့စိတ်ဓာတ်လေးကြောင့် Jimin ကိုလူချစ်လူခင်ပေါကြတယ်။ တစ်ကိုယ်တည်းတောက်ပနေပြီးကိုယ့်အစွမ်းအစနဲ့ကိုယ်တီထွင်နိုင်စွမ်းက Park Jimin ရဲ့အဓိကစွမ်းရည်လေးဖြစ်သည်။

Schedule ရှိတာမလို့ hungary ကိုတစ်ပတ်လောက်သွားရမည်ဖြစ်တာကြောင့် မီဒီယာတွေကိုအသိပေးပြီးရောက်လာခဲ့သည်။ ကောင်တာမှာ check in လုပ်ပြီးတာနဲ့လေယာဉ်ပေါ်ကို Hoseok hyung နဲ့အတူတက်လာခဲ့သည်။

hoseok hyung ကသူ့ရဲ့အတွင်းရေးမှူးလဲဖြစ်သလို debut မလုပ်ခင်ထဲကရင်းနှီးခဲ့တဲ့အစ်ကိုတစ်ယောက်လည်းဖြစ်သည်။ အကိုအရင်းတစ်ယောက်လိုမျိုး အကိုကြီးအဖရာဆိုတဲ့နည်းအတိုင်းလဲ hyung ကသူ့ကိုအများကြီးစောင့်ရှောက်ပေးပြီး အဘက်ဘက်ကနေကူညီပေးသည်။

"hyung ကျွန်တော်ခဏအိပ်လိုက်ဦးမယ်နော်"

"ဟုတ်ပြီ...နားဦး"

Hyung ကိုပြောပြီးတာနဲ့ သူကိုယ်တိုင်ဆိုထားတဲ့ Letter သီချင်းကိုဖွင့်လိုက်သည်။ Fan တွေအတွက်လို့သာပြောရပေမယ့်....အဟင်း စိတ်ဆိုးကြကုန်မလားမသိပေမယ့် ဒီသီချင်းကတစ်ဦးတည်းသောအချစ်ဦးလေးအတွက်ပါ ရည်ရွယ်ပြီးဆိုထားတာ။

ကိုယ့်အတွေးနဲ့ကိုယ် ဂျီမင်းတစ်ချက်ပြုံးလိုက်သည်။ ပြီးတာနဲ့ မျက်ဝန်းထောင့်ကစီးကျသွားတဲ့ မျက်ရည်‌စက်တွေကြား မျက်လုံးတွေကိုမှိတ်ချပြီး အိပ်ဖို့ပြင်လိုက်တော့သည်။

အင်း...အတိအကျ ကိုယ်မင်းကို လွမ်းတယ်‌မောင်
တစ်မျိုးဆို ဂျောင်ဂု....။

_________________________

"နေမကောင်းဘူးလား Jimin"

"ကောင်းပါတယ် hyung ဘာလို့လဲ"

"ဘာမှတော့မဖြစ်ပေမယ့် မင်းကြည့်ရတာမှိုင်းနေသလိုပဲ အခုတော့နားလိုက်ဦး ရိုက်ကူးရေးကမနက်ဖြန်မှဆိုတော့..."

Love like Spring Where stories live. Discover now