အပိုင်း သုံး

674 81 0
                                    

Oct 13....

"ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ ဂျီမင်း"

"ကျေးဇူး‌ပါဂျောင်ဂု"

ဒီနေ့ကသူ့ရဲ့ 23နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် သင်တန်းကလူတွေကိုနေ့လည်စာလိုက်ကျွေးပြီးတာနဲ့ အိမ်ကိုပြန်လာခဲ့သည်။ ဂျောင်ဂုအိမ်မှာသူ့အတွက်ပါတီအသေးစားလေးပြင်ပေးထားပြီး နှစ်ဖက်မိဘတွေပါမက ချစ်ရသူကပါဆုတောင်းပေးလာတာကြောင့် ဂျီမင်းစိတ်ထဲအများကြီးရင်ခုန်နေရသည်။

"မီယောဂုသောက်ကြဦးသားတို့ မေမေနဲ့ဂျီမင်းမာမီတို့ တစ်ညနေလုံးအလုပ်ရှုပ်ထားရတာနော်"

"ဝါး မေမေတို့နှစ်ယောက်လုံးအကောင်းဆုံးပဲ"

လက်မလေးထောင်ပြီး နှစ်ယောက်လုံးကိုတင်းကြပ်နေအောင် ဖက်လိုက်သည်။ ပြီးတာနဲ့ဂျောင်ဂုဘေးကခုံပေါ်မှာ သွားထိုင်လိုက်သည်။ အခုလိုနှစ်ဖက်မိသားစုစုံစုံလင်လင် မရှိရတာဘယ်လောက်ကြာနေပြီလဲ။ မိဘတွေရော သူရောအလုပ်များနေတော့ ရတဲ့အချိန်လေးတွေမှာပဲအပြေးတွေ့ခဲ့ရတာ။

"ငိုတော့မလို့လား မွေးနေ့ရှင်ကြီး"

"မငိုပါဘူး 23နှစ်တောင်ဖြစ်နေပြီလေငိုစရာလား...!"

ဂျီမင်းရဲ့အဖြေကြောင့် ဂျောင်ဂုသဘောကျသွားပြီးရယ်တော့ လူကြီးတွေကပါအလိုတူအလိုပါလိုက်ရယ်လာတော့သည်။ ဂျီမင်းကစိတ်ကောက်မယ်လုပ်တော့မှသာ အကုန်လုံးတိတ်သွားကြပြီး ညစာကိုစားကြတော့သည်။ တကယ်ပါပဲ မွေးနေ့ရှင်ကိုရုပ်ဆိုးသွားအောင် လုပ်နေကြတယ်။

"မကြာခင် မာမီ့သားလေးတောင်အဆိုတော်ကြီးဖြစ်တော့မယ်"

"မာမီကလည်း ကျွန်တော်အခုထိ Debut တောင်မလုပ်ရသေးပါဘူးနော်"

"မာမီကချီးကျူးနေတာလေကွယ့် ဒီကလေးနှယ်ကိုယ့်ကိုကိုယ် တအားနှိမ့်ချလွန်းနေပြီ"

မာမီ့စကားကြောင့် ဂျီမင်းကဟီးခနဲရယ်ပြလိုက်သည်။ ငယ်ငယ်လေးကတည်းက နှိမ့်ချတတ်တဲ့အကျင့်ကအခုချိန်ထိ မပျောက်သေးပေ။ ဒါလည်းတစ်မျိုးတော့ကောင်းပေမယ့် သူ့ရဲ့အားနည်းချက်ဖြစ်သွားမှာကိုလည်း မလိုလားပါ။

Love like Spring Where stories live. Discover now