"မာမီ့ကို လွမ်းနေပြီ"
"အချွဲသန်နေတာဒီကလေးတော့ မနက်ဖြန်ပဲပြန်လာတော့မှာကို"
တစ်ပတ်လုံးလုံး အလုပ်တွေကိုအောင်မြင်စွာလုပ်ပြီးသွားတော့ မာမီ့ကိုလည်းလွမ်းနေတာနဲ့ VC လှမ်းခေါ်လိုက်သည်။ ဂျောင်ဂုကိုလည်း လွမ်းနေပြီဖြစ်တာကြောင့်မနက်ဖြန်ကိုရီးယားရောက်တာနဲ့ အိမ်ကိုတန်းသွားမယ်လို့ ဆုံးဖြတ်ထားခဲ့သည်။
"မာမီကလည်း...ကျွန်တော်တကယ်လွမ်းနေတာ ရှေ့ရက်တွေကတော်တော်ပင်ပန်းတယ် ဒါပေမယ့်ပျော်တယ်သိလား စီနီယာကကျွန်တော်တို့အပေါ်ကိုအများကြီး ဂရုစိုက်ပေးတယ်"
"မာမီ့သားလေး ပျော်တယ်ဆိုရင်ပဲမာမီကကျေနပ်ပါပြီ ပြန်လာရင်ဘာစားချင်လဲချက်ထားပေးမယ်"
"ဝက်သားသုံးထပ်သားရယ် ဆန်မုန့်လေးတွေရောလုပ်ပေးပါဦး"
"ဟုတ်ပြီ မာမီပြင်ထားပေးမယ်နော်....အော်ဒါနဲ့သား ဂျောင်ဂုလေးကနိုင်ငံခြား..."
"ဂျီမင်းရေ စီနီယာခေါ်နေတယ်"
အော်ခေါ်လာသံကြောင့် ဂျီမင်းမာမီ့စကားကိုသေချာမကြားလိုက်ရပေ။ ပြန်မေးဖို့လုပ်တော့လဲ ကျသွားတဲ့ဖုန်းကြောင့် ထပ်မခေါ်ဖြစ်တော့ပဲလာခေါ်တဲ့နောက်လိုက်သွားလိုက်တော့သည်။
"ကျွန်တော့်ကိုခေါ်တယ်ဆို စီနီယာ..."
"ဟုတ်တယ်ဂျီမင်း ထိုင်လေ"
"ဟုတ်ကဲ့"
" stage မှာအကောင်းဆုံးလုပ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ချင်လို့ပါ ဂျီမင်းသာမပါရင် ဒီပွဲက Perfect မဖြစ်လောက်ဘူး"
"အခုလိုချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်စီနီယာ ကျွန်တော်လည်းစီနီယာနဲ့အတူ stage ပေါ်မှာသေချာဖျော်ဖြေနိုင်ခဲ့လို့ဝမ်းသာမိပါတယ်"
"ဒါနဲ့ဂျီမင်းက Debut မလုပ်ရသေးဘူးမလား"
"ဟုတ်ကဲ့ ပွဲဦးထွက်ဖို့ကလဲရက်နီးနေပြီလေစီနီယာ ဒါကြောင့်သီချင်းတွေရေးဖြစ်နေတာဒီရက်ပိုင်း"
"ဂျီမင်းကအရည်အချင်းရှိပြီးသားကောင်လေးမလို့ သီချင်းတွေကပေါက်မှာသေချာတယ် အကူအညီလိုရင်ကိုယ့်ကိုပြောလို့ရတယ်နော်"
YOU ARE READING
Love like Spring
Romanceအေးစက်စက်ဆောင်းအငွေ့အသက်တွေကြား မောင့်ရင်ခွင်မှာနွေးထွေးခဲ့ကြောင်း။