Jimin shii!! Jimin ahh!! jiminie saranghae!!
နာမ်စားအမျိုးမျိုးနဲ့ထွက်လာတဲ့ အော်ခေါ်သံတွေကြားနှုတ်ခမ်းဖူးဖူးတို့ထက် အပြုံးလှလှလေးကချိတ်ဆွဲနေခဲ့သည်။ ပရိတ်သတ်တွေတိုးဝှေ့လာတာကြောင့် အထိအခိုက်မရှိရအောင်မန်နေဂျာ hyung တွေကသေချာကာကွယ်ပေးသည်။
နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပြီး နွေးထွေးတဲ့စိတ်ဓာတ်လေးကြောင့် Jimin ကိုလူချစ်လူခင်ပေါကြတယ်။ တစ်ကိုယ်တည်းတောက်ပနေပြီးကိုယ့်အစွမ်းအစနဲ့ကိုယ်တီထွင်နိုင်စွမ်းက Park Jimin ရဲ့အဓိကစွမ်းရည်လေးဖြစ်သည်။
Schedule ရှိတာမလို့ hungary ကိုတစ်ပတ်လောက်သွားရမည်ဖြစ်တာကြောင့် မီဒီယာတွေကိုအသိပေးပြီးရောက်လာခဲ့သည်။ ကောင်တာမှာ check in လုပ်ပြီးတာနဲ့လေယာဉ်ပေါ်ကို Hoseok hyung နဲ့အတူတက်လာခဲ့သည်။
hoseok hyung ကသူ့ရဲ့အတွင်းရေးမှူးလဲဖြစ်သလို debut မလုပ်ခင်ထဲကရင်းနှီးခဲ့တဲ့အစ်ကိုတစ်ယောက်လည်းဖြစ်သည်။ အကိုအရင်းတစ်ယောက်လိုမျိုး အကိုကြီးအဖရာဆိုတဲ့နည်းအတိုင်းလဲ hyung ကသူ့ကိုအများကြီးစောင့်ရှောက်ပေးပြီး အဘက်ဘက်ကနေကူညီပေးသည်။
"hyung ကျွန်တော်ခဏအိပ်လိုက်ဦးမယ်နော်"
"ဟုတ်ပြီ...နားဦး"
Hyung ကိုပြောပြီးတာနဲ့ သူကိုယ်တိုင်ဆိုထားတဲ့ Letter သီချင်းကိုဖွင့်လိုက်သည်။ Fan တွေအတွက်လို့သာပြောရပေမယ့်....အဟင်း စိတ်ဆိုးကြကုန်မလားမသိပေမယ့် ဒီသီချင်းကတစ်ဦးတည်းသောအချစ်ဦးလေးအတွက်ပါ ရည်ရွယ်ပြီးဆိုထားတာ။
ကိုယ့်အတွေးနဲ့ကိုယ် ဂျီမင်းတစ်ချက်ပြုံးလိုက်သည်။ ပြီးတာနဲ့ မျက်ဝန်းထောင့်ကစီးကျသွားတဲ့ မျက်ရည်စက်တွေကြား မျက်လုံးတွေကိုမှိတ်ချပြီး အိပ်ဖို့ပြင်လိုက်တော့သည်။
အင်း...အတိအကျ ကိုယ်မင်းကို လွမ်းတယ်မောင်
တစ်မျိုးဆို ဂျောင်ဂု....။_________________________
"နေမကောင်းဘူးလား Jimin"
"ကောင်းပါတယ် hyung ဘာလို့လဲ"
"ဘာမှတော့မဖြစ်ပေမယ့် မင်းကြည့်ရတာမှိုင်းနေသလိုပဲ အခုတော့နားလိုက်ဦး ရိုက်ကူးရေးကမနက်ဖြန်မှဆိုတော့..."
YOU ARE READING
Love like Spring
Romanceအေးစက်စက်ဆောင်းအငွေ့အသက်တွေကြား မောင့်ရင်ခွင်မှာနွေးထွေးခဲ့ကြောင်း။