"အမလေးကိုယ်တော်ချောလာပါပြီ လာပါပြီ...ထိုင်ပါဦးရှင်"
နားရက်မှာမာမီက အိမ်လာခဲ့ဖို့ဖုန်းဆက်လာလို့ဂျီမင်းရောက်လာခဲ့ခြင်းဖြစ်သည်။ အိမ်ထဲရောက်တော့ နှစ်ဖက်မိသားစုဆုံနေကြပြီး မာမီကမျက်စောင်းတထိုးထိုးနဲ့ခေါ်နေတာကြောင့် ကိုယ့်အပြစ်ကိုယ်သိသည့်ဟန်ငြိမ်ငြိမ်လေးသွားထိုင်လိုက်သည်။
"ပြောပါဦး ဘယ်လိုတွေဖြစ်ကုန်ကြတာလဲမာမီတို့တောင်မသိရပါလား"
"တောင်းပန်ပါတယ်မာမီ မပြောတာမဟုတ်ပါဘူး...ကျွန်တော်လည်းစိတ်တွေအရမ်းရှုပ်နေလို့ဒီဟာဖြေရှင်းပြီးရင်မာမီ့ဆီလာဖို့တွေးပြီးသားပါ"
"မာမီဒါကိုတော့ စိတ်တိုတယ်နော်ဂျီမင်း...အပြစ်ကိုသိတယ်မလား"
"ဟုတ်ကဲ့"
မျက်နှာငယ်လေးဖြစ်ပြီး ခေါင်းငုံ့ဖြေနေတဲ့သားကိုကြည့်ပြီး သူမ ခေါင်းခါရုံသာတတ်နိုင်ခဲ့သည်။ တတ်လဲတတ်နိုင်တဲ့ကလေးတွေပါ အရင်တုန်းကကြတော့အပြီးပဲ သံယောဇဉ်ဖြတ်ကြတော့မလိုနဲ့။
"အစ်မကလည်း ကလေးကိုမဆူပါနဲ့တော့ပျော်ရမှာကိုဝမ်းနည်းနေဦးမယ်"
"ခံပြင်းလို့ပါတော် ဂျောင်ဂုလေးရောမလာသေးဘူးလား"
"ခဏနေလာလိမ့်မယ် ညီမဖုန်းဆက်ပြီးပြီ"
"ဟို...မာမီ ကန့်ကွက်တော့မလို့လားအဲ့လိုကြီးတော့ မလုပ်ပါနဲ့....နော်"
"စဉ်းစားဦးမယ်"
မာမီ့စကားမှာဂျီမင်းမျက်နှာလေးက ဇီးရွက်လောက်ပဲကျန်တော့သည်။ ဒီလောက်ထိလုပ်ခဲ့ပြီးမှတော့ ကန့်ကွက်မခံပါရစေနဲ့။
"မာမီ ကျွန်တော့်ကိုဘာလို့ခေါ်...ဂျီမင်းရော ရောက်နေတာလား"
"လာပြီလားဂျောင်ဂုလေး ထိုင်ပါဦးကွယ်"
မာမီပြောလိုက်တော့ သူ့ဘေးမှာဝင်ထိုင်လာပြီး ခပ်တိုးတိုးဆိုလာသည်။
"မောင်နဲ့အတူ သွားလို့ရတာကိုဖုန်းတော့မဆက်ဘူး"
"ဂျောင်ဂု"
"မောင်လို့ ခေါ်လေ...ဘယ်လို ဂျောင်ဂုလဲ"
"လူကြီးတွေရှေ့မှာလေ!"
YOU ARE READING
Love like Spring
Romanceအေးစက်စက်ဆောင်းအငွေ့အသက်တွေကြား မောင့်ရင်ခွင်မှာနွေးထွေးခဲ့ကြောင်း။