အပိုင်း ခုနစ်

731 75 6
                                    

ညစာစားပြီးကြတော့ ခြံထဲကိုဂျီမင်းအရင်ထွက်လာခဲ့သည်။ ‌နှစ်ဖက်မိဘတွေကဂျောင်ဂုကို သူတို့လုပ်ငန်းတွေအကြောင်း အကြံဉာဏ်တွေပေးပြီးစကားလက်ဆုံကြနေတာကြောင့် ဂျီမင်းဝင်မပါတော့ပဲ တစ်ယောက်တည်းထွက်လာခဲ့သည်။

ဒန်းပေါ်မှာထိုင်နေရင်း ကြယ်တွေကိုကြည့်တော့အတိတ်ကအကြောင်းအရာတွေကိုလွမ်းဆွတ်‌စေတယ်။ ငယ်ငယ်တုန်းကဆို ဂျောင်ဂုနဲ့ဒီလိုအချိန်ဒီလိုနေရာမှာပဲ ကြယ်တွေကိုအတူရေတွက်ခဲ့တာ။ အခုလည်းကြယ်တွေစုံနေတုန်းပဲ သူတို့ကသစ္စာရှိလိုက်တာ။

"ဂျီမင်း..."

တိုးလျလျခေါ်သံ‌မှာ ဂျီမင်းလှည့်ကြည့်တော့သူ့ဘေးမှာဂျောင်ဂုကလာထိုင်သည်။ အနားရောက်လာတဲ့လူဆီကကိုယ်သင်းနံ့လေးက သူ့စိတ်တွေအေးချမ်းသွားသလိုပဲ။

"အဆင်ပြေရဲ့လား..."

"အင်း ဒယ်ဒီ့ကုမ္ပဏီမှာအခြေခံကစလုပ်ဖို့ပြောပေမယ့်အထက်လူကြီးတစ်ယောက်လိုနေတာမလို့ အဲ့နေရာကိုယူလိုက်တာ တော်တော်လေးတော့အလုပ်ရှုပ်တယ်...."

"ကောင်းသားပဲ အဆင်ပြေရင်ပြီးတာပါပဲ"

တဖန်တိတ်ဆိတ်သွားတဲ့စကားဝိုင်းမှာ ဂျီမင်းဆီကသက်ပြင်းချသံသဲ့သဲ့ထွက်ပေါ်လာခဲ့သည်။ လူကြီးတွေဖြစ်ကုန်ကြလို့လားမသိဘူး သူတို့အရင်ကလောက်စကားတွေ‌မပြောဖြစ်တော့ဘူး။

"ဂျီမင်းရော အဆင်ပြေရဲ့လား..."

"ဘာကလဲ ဂျောင်ဂု"

"ငါးနှစ်လုံးလုံး....ကျွန်တော့်ကိုမလွမ်းဘူးလား"

ရုတ်တရက်ထမေးလာတဲ့ဂျောင်ဂုအမေးကိုမဖြေပဲ ကောင်းကင်ပေါ်ကကြယ်တွေဆီအကြည့်ပို့လိုက်သည်။ မလွမ်းဘူးလို့လဲညာမပြောချင်ဘူး...လွမ်းတယ်ဆိုပြီးတော့လဲ မင်းကိုမပြောလိုက်ချင်ဘူးဂျောင်ဂု။

"အာ...ကြယ်တွေစုံနေတာပဲ...ငယ်ငယ်တုန်းကဆို ဂျီမင်းပခုံးပေါ်မှာကြယ်တွေရေရင်း အိပ်ပျော်သွားခဲ့တာ..."

ဂျောင်ဂုစကားဆုံးတော့သူတို့ထိုင်နေတဲ့ဒန်းလေးကလှုပ်သွားပြီး ပခုံးပေါ်ခေါင်းလုံးလုံးလေးကရောက်လာခဲ့သည်။ တစ်ခနမှင်သက်မိသွားပေမယ့် တွန်းဖယ်ဖို့အလုပ်မှာ သူ့ပခုံးကစိုစွတ်သွားတာကြောင့် ဂျီမင်းရင်ထဲထိတ်သွားရသည်။ ဂျောင်ဂုက ငိုနေတာလား!

Love like Spring Where stories live. Discover now