"သက်သာလို့လားခြေထောက်က မနက်ဖြန်မှသွားလဲရတာကို"
"သက်သာနေပါပြီ ကျွန်တော်ကပျော့ညံ့တဲ့လူမှမဟုတ်တာ...hyung ဒါနဲ့ ဟိုကောင်လေးကိုအကျိုးအကြောင်း ပြောလိုက်ပြီလား"
"အွန်း ဒူးထောက်ငိုယိုပြီးတောင်းပန်နေလို့ hyung လဲမတတ်နိုင်ဘူးလို့သာပြောလာခဲ့တယ်"
"ဟူး သူတို့အတွက်လဲနစ်နာသွားမှာပဲ"
သက်ပြင်းတစ်ချချနဲ့စိတ်ပူနေသေးတဲ့ ဂျီမင်းကိုဟိုဆော့ကားမှန်ထဲကနေပြုံးပြုံးနဲ့သာ ကြည့်နေမိသည်။ အားနာတတ်တာလဲသူ့အပြင်နှစ်ယောက်မရှိဘူး စိတ်ထားကောင်းလွန်းလို့လဲခက်နေတာ ဒါမယ့်ဂျီမင်းရဲ့စိတ်ပြတ်နိုင်တာလေးကိုတော့ ဟိုဆော့သဘောကျတယ်။
အတူရှိလာတဲ့အချိန်တွေမှာ ဂျီမင်းရဲ့လိုအပ်တဲ့အပိုင်းတွေကိုဟိုဆော့ပြင်ပေးခဲ့တယ်။ သူတို့နှစ်ယောက်က ဘဝတွေကိုအပြန်အလှန်ကယ်တင်ခဲ့ကြသလိုမျိုးပဲ။ အဲ့နေ့ကဂျီမင်းနဲ့သာမတွေ့ခဲ့ရင်သူလဲအခုအချိန်ထိ ရှိလာရမှာမဟုတ်ဘူးလေ။
"hyung..."
"အွန်း"
"ဟို dating news ကိုကျွန်တော့် schedule တွေပြီးတာနဲ့ live လွှင့်ပြီးအသိပေးလိုက်ရတော့မလား..."
"ဂျီမင်းဘက်ကအဆင်သင့်ဖြစ်ရင် လုပ်ပေးလို့ရပါတယ်"
"ကျွန်တော့်ကြောင့် hoseok hyung အများကြီးပင်ပန်းတော့မှာပဲ"
"Debut တုန်းကလောက်တော့မဆိုးပါဘူးကွာ"
Hyung စကားအဆုံးနှစ်ယောက်သားပြိုင်တူရယ်လိုက်တော့သည်။ Debut စလုပ်တော့သူတို့နှစ်ယောက်လုံးတော်တော်ပင်ပန်းခဲ့ကြတယ်။ ပြန်တွေးကြည့်ရင်မနေ့တစ်နေ့ကလိုပဲပေမယ့် hyung နဲ့ရှိလာတဲ့တစ်လျှောက်လုံးသူ့ဘဝက လုံခြုံခဲ့တယ်။
Ent ထဲရောက်တော့ Dance practice ခန်းထဲမှာဟိုတစ်နေ့ကအလုပ်ကိုလက်စသတ်ဖို့ပြင်လိုက်တယ်။ ဘယ်လောက်မှမကြာပဲ ဒီတစ်ခေါက်တော့အဆင်ပြေပြေနဲ့ ပြီးသွားခဲ့တာကြောင့် ဂျီမင်းစိတ်အေးသွားရတယ်။
"စီနီယာ ကျွန်တော့်နာမည်ကဝူဘင်းပါ"
ခဏနားနေတုန်း အသစ်ထည့်ထားတဲ့ Dancer ကောင်လေးကရေဘူးတစ်ဘူးနဲ့အတူ သူ့အနားလာပြီးနှုတ်ဆက်သည်။
YOU ARE READING
Love like Spring
Romanceအေးစက်စက်ဆောင်းအငွေ့အသက်တွေကြား မောင့်ရင်ခွင်မှာနွေးထွေးခဲ့ကြောင်း။