Welcome to Tokyo!!
တိုကျိုကိုသူတို့ရောက်တော့ ညနေတောင်စောင်းနေခဲ့ပြီ။ အရင်ဆုံးနားဖို့အတွက် မောင် ရွေးထားတဲ့ဟိုတယ်ကိုပဲသူတို့အကုန်လာခဲ့လိုက်တော့တယ်။ hoseok hyung ကိုအားနာတာကြောင့်သွားနားခိုင်းပြီးမောင်နဲ့အတူ luggage တွေကိုသယ်လာခဲ့လိုက်တော့သည်။
"မောင် ရေချိုးဦးမလို့လား"
"အတူချိုးချင်လို့လား"
"ညစ်တီးညစ်ပတ်တွေနဲ့ ဘယ်လိုမှန်းမသိဘူး"
ဒီစကားလေးတစ်ခွန်းနဲ့တင် ပါးနှစ်ဖက်ရဲလာတဲ့ချစ်သူလေးကြောင့်ဂျောင်ဂု အသဲယားသွားလို့ရယ်တော့မျက်စောင်းထိုးခံလိုက်ရသည်။
"နမ်းရအောင် မောင်ပင်ပန်းနေတယ်"
"ပင်ပန်းရင် အိပ်ရမယ်....လာ အိပ်မယ်"
"ဂျွန်ဂျီမင်းကကွာ!"
"ဘယ်သူလဲ ဂျွန်ဂျီမင်းက..."
"မောင့် ရှေ့ကအလှလေးလေ..."
"မောင်! ဘယ်လိုဖြစ်နေတာလဲ"
"ချစ်လို့လေ မချစ်ချင်ဘူးလားမောင့်ကိုရော"
ခြေထောက်တွေကြားမှာဝင်ထိုင်လာပြီး ခါးကိုသိမ်းဖက်လာသူသည်ခန္ဓာကိုယ်ကြီးနဲ့မှမလိုက် အကောင်ပေါက်လေးတွေလိုနေရာအနှံ့လိုက်နမ်းနေသည်။ အသဲယားစွာဆံပင်အိအိလေးတွေကို ဆွဲဖွတော့ သူ့လက်တွေကိုဆွဲယူပြီးအုပ်မိုးလာခဲ့သည်။
"နမ်းရအောင် မောင့်ချစ်မွှေးလေးကအရမ်းချစ်စရာကောင်းနေတယ်"
စကားပြန်တောင်မစောင့်တော့ပဲ နှုတ်ခမ်းတွေကိုစုပ်ယူလာသည်။ ကြာလာတော့ပူပြင်းပြင်းဖြစ်လာတဲ့ခံစားချက်တွေကြား နှစ်ယောက်လုံးနေရခက်လာတာကြောင့် ဂျီမင်းဘက်ကအရင်အနမ်းတွေကို ရပ်တန့်လိုက်သည်။
"တော်ပြီမောင် ပင်ပန်းထားတယ်လေအိပ်ကြမယ်"
အာ့
ပြောစကားနားမထောင်ပဲ ညှပ်ရိုးကိုနှုတ်ခမ်းပါးတွေနဲ့လာစုပ်နေသေးသည်။"အရာတွေထင်ကုန်မယ်"
"အရာထင်အောင်ပေးတာပဲ မောင့်အပိုင်မှန်းသိအောင်"
YOU ARE READING
Love like Spring
Romanceအေးစက်စက်ဆောင်းအငွေ့အသက်တွေကြား မောင့်ရင်ခွင်မှာနွေးထွေးခဲ့ကြောင်း။