အပိုင်း နှစ်

806 80 0
                                    

လွန်ခဲ့သည့် 5နှစ်။

"မေမေ...."

"ဟော ဂျီမင်းလေးပါလားလာလေ"

မေမေရဲ့ဖိတ်ခေါ်မှုကြောင့် ဂျီမင်းအိမ်ထဲသို့အမြန်ဝင်လိုက်ပြီး ပြေးဖက်လိုက်သည်။ မာမီပြီးရင် ဒီကမေမေ့ကိုအချစ်ဆုံးပဲ။

"ဂျောင်ဂုက အိမ်မှာမရှိဘူးကလေးလေး အပြင်ထွက်သွားတယ်"

"အာ...လွဲပြန်ပြီ ကျွန်တော်လည်း နားရက်ရတုန်းလာတာမကြာခင်ကုမ္ပဏီဘက်ပြောင်းရတော့မှာဆိုတော့..."

"တော်လိုက်တဲ့ကလေးလေး ဒါကြောင့်ဒီအမေကချစ်နေရတာ ဟိုငဂျစ်ကောင်လေးနဲ့များတစ်ခြားစီ"

ဂျီမင်းကျောလေးကိုပုတ်ပေးပြီး ရယ်သံစွက်ကာပြောလာတဲ့မေမေကြောင့် ဂျီမင်းဆီကရယ်သံတွေထွက်လာခဲ့သည်။ ငယ်ငယ်လေးကတည်းကနှစ်ဖက်မိဘတွေရော ကလေးတွေချင်းရောရင်းနှီးခဲ့ကြပြီး သူတို့ရှေ့မှာတင်ကြီးပြင်းလာခဲ့သည်။ ဂျီမင်းကလိမ္မာပြီးစကားလည်းနား‌ထောင်တာကြောင့် ဂျောင်ဂုမေမေက သူ့သားထက်ပိုသည်။

‌5နှစ်အရွယ်ကနေ အခုလိုအသက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အထိ နှစ်ဖက်မိဘတွေရဲ့အချစ်ကိုသိမ်းယူထားသူမှာ ဂျီမင်းသာဖြစ်သည်။ ဂျီမင်းကအနေအေးပြီးစာတော်သည်။ အတန်းထဲမှာဆိုရင်လည်း ပတ်ဂျီမင်းဆိုတာနဲ့အားလုံးက လေးစားအားကျရတဲ့အထိ ‌အတော်ဆုံးလေးဖြစ်ခဲ့သည်။

ဂျောင်ဂုကဂျစ်ကန်ကန်နိုင်ပြီး ဆိုးသည်။ သို့ပေမယ့်သူလည်းဂျီမင်းနီးတူ ကျောင်းရဲ့ဒုတိယစာအတော်ဆုံး ကောင်လေးတစ်ယောက်ဖြစ်ခဲ့သည်။ ဂျီမင်းကအကြီးဖြစ်တာကြောင့် ဂျောင်ဂုကိုဆိုအမြဲအလျော့ပေးသည်။ သူ့အပေါ်အပြုအမူရိုင်းတာမျိုး စကားကြမ်းတာမျိုးမလုပ်ပေမယ့် နှစ်နှစ်ကြီးတဲ့ hyungအပေါ်ဂျီမင်းလို့ပဲ ခေါ်တာကတော့ ဘယ်သူမှဆုံးမလို့မရတဲ့အချက်ကလေးပင်ဖြစ်သည်။

ဒါကိုလည်းဂျီမင်းကသဘောတကျနဲ့ သူ့နာမည်ခေါ်တိုင်းထိုကလေးရဲ့ဆံပင်တွေကိုဆွဲဖွလေ့ရှိသည်။ ဂျောင်ဂုနဲ့အတူရှိရတဲ့အချိန်တိုင်းက သူ့အတွက်ပျော်ရွှင်စရာတွေပဲရရှိခဲ့သည်။ ရင်ခုန်တတ်စအရွယ်မှာ အဖြူထည်ကလေးလေးကို သူ့ဘက်ကပဲအရောင်တွေစဆိုးခဲ့မိသည်။ skin ship သိပ်ကြိုက်တဲ့သူက ဂျောင်ဂုဆီကအထိအတွေ့တိုင်းမှာ စိတ်တွေမလုံမလဲဖြစ်ခဲ့ရသည်။ ဘာမှမသိတဲ့ကလေးကတော့ ငယ်ငယ်တုန်းကလိုမျိုးပဲသူ့ကိုဆက်ဆံသည်။

Love like Spring Where stories live. Discover now