အပိုင်း ခြောက်

739 78 0
                                    

ရိုက်ကွင်းကိုဒီနေ့အပြီးသတ်ပြီးတာနဲ့ အဖွဲ့သားတွေ‌နဲ့အတူနေ့လည်စာစားပြီး အချိန်တော်တော်ကြာစကားပြောဖြစ်ခဲ့သည်။ နောက်ထပ်သီချင်းအသစ်တွေကိုလဲ လာမယ့်နှစ်ကြရင် album အသစ်လုပ်ဖို့ရှိတာကြောင့် ပင်ပန်းရလဲသူ့အတွက်ပျော်ရွှင်မှုတစ်ခုဖြစ်သည်။

အလုပ်လုပ်တွေလုပ်နေရရင် အလိုလိုကိုပျော်ပြီးပင်ပန်းရင်တောင်အားလုံးရဲ့ အသိအမှတ်ပြုမှုတွေကသူ့အတွက် ခွန်အားဖြစ်စေတယ်။

Muscle pain ဖြစ်လွယ်တဲ့သူ့အတွက်ခန္ဓာကိုယ်မှာလဲ ပလာစတာတွေအမြဲကပ်ရလေ့ရှိသည်။ ဆောင်းတွင်းဆိုတော့ အအေးဓာတ်ကြောင့်
ခန္ဓာကိုယ်က ပိုကိုက်‌ပေမယ့်အနွေးထည်ခပ်ကြီးကြီးတစ်ထည်ကို hoseok hyung ကသူ့အတွက်ယူလာပေးတာကြောင့် အဆင်ပြေသွားရသည်။

"ဘယ်ဝင်စရာရှိသေးလဲ ဂျီမင်း"

"မရှိဘူး hyung ဟိုတယ်ကိုပဲမောင်းလိုက်ပါ"

ညနေ‌လဲစောင်းနေပြီဖြစ်တာကြောင့် အနားယူဖို့ဟိုတယ်ကိုပဲလာခဲ့လိုက်တော့သည်။ ပြီးတော့....ဂျောင်ဂုရောရောက်နေမလားဆိုပြီး တွေးမိသေးသည်။

စိတ်ဒဏ်ရာတွေပေးခဲ့တဲ့သူကို အခုချိန်ထိခံစားချက်တွေရှိနေသေးတာမပင်ပန်းဘူးလား။ စိတ်မပျက်ဘူးလားဆိုရင်....အမြဲတမ်း ခေါင်းခါမိမှာပဲ။ ‌သူ့အပေါ်ဂျောင်ဂုဘယ်လောက်ပဲဆိုးဆိုး အပြစ်မမြင်မိဘူး။ တစ်ခါတစ်လေကြရင်လဲ အဲ့စိတ်တွေကသူ့ကို ပိုပင်ပန်းစေတယ်။ ဒါပေမယ့်လဲ....

ဟိုတယ်ကိုပြန်ရောက်တော့ညနေ 5နာရီကျော်နေပြီ။မသိမသာ hoseok hyung ကိုလှမ်းလှမ်းကြည့်ပေမယ့် ဘာအရိပ်အယောင်မှမမြင်ရပေ။ ဘာအကြောင်းကြောင့်မှန်းမသိပေမယ့် နှုတ်ခမ်းထူထူကိုသာ ကိုက်လိုက်မိသည်။ အခန်းရှေ့ရောက်တာနဲ့ တစ်ယောက်သောသူရဲ့ မွေးနေ့‌နံပါတ်ကိုရိုက်နှိပ်ပြီးဝင်လိုက်သည်။

"ပြန်ရောက်ပြီလား..."

"အမေ့!"

တံခါးပိတ်ပြီးတာနဲ့ အနောက်ကနေထွက်‌လာတဲ့အသံကြောင့်ဂျီမင်းကိုယ်လေးတုန်တက်သွားရသည်။ ဂျောင်ဂုကဘယ်လိုလုပ် သူ့အခန်းထဲရောက်နေရတာလဲ?

Love like Spring Where stories live. Discover now