အပိုင်း တစ်ဆယ်

723 63 0
                                    

စိတ်ကြည်လင်မှုနဲ့အတူ မျက်လုံးဖွင့်ကြည့်တော့မျက်နှာချင်းဆိုင်ဖြစ်‌‌နေတဲ့ ဂျောင်ဂုကိုတွေ့လိုက်ရသည်။ သူ့လက်တွေကိုကိုင်ထားပြီးကုတင်ပေါ်ခေါင်းတင်အိပ်နေတာကြောင့် ဂျီမင်းအာနာသွားရသတယ်။ ဇက်တွေနာနေတော့မှာပဲ...

"ဂျောင်ဂု..."

"ဟင်...နိုးပြီလား သက်သာရဲ့လား"

လက်ကိုအသာယာလှုပ်နှိုးလိုက်တော့ နိုးလာပြီးသူ့နဖူးပေါ်လက်တင်ကာ ကိုယ်ပူလာစမ်းသည်။ ဂျောင်ဂုရဲ့ဂရုစိုက်မှုမှာ ဂျီမင်းနှုတ်ခမ်းထူထူတွေကပြုံးသွားခဲ့တယ်။

"အဲ့လိုအိပ်တာဇက်တွေနာမှာပေါ့ ဒီမှာလာအိပ်...ကိုယ်ထတော့မှာ"

"မထနဲ့ဦး ကျွန်တော်ညကဂျီမင်းအိပ်တာကိုစောင့်ပေးထားရတာ...ကျွန်တော့်ကိုပြန်စောင့်ပေး"

ကုတင်ပေါ်တက်လာပြီး ရင်ခွင်ထဲကိုကွေးကွေးလေးရောက်လာတာကြောင့်ဂျီမင်းလန့်သွားရသည်။ အလျင်စလိုထဖို့လုပ်တော့ ခါးတွေကိုဆွဲဖက်လာခြင်းမှာဂျီမင်းငြိမ်သက်လိုက်ရတယ်။

"ဂျောင်ဂု...တစ်ယောက်ယောက်မြင်သွားရင်မကောင်းဘူး"

"ဘယ်သူကမြင်မှာလဲ ဂျီမင်းအိမ်ထဲဘယ်သူကလက်လွတ်စပယ်ဝင်မှာလဲ"

ပြန်ခြေပစရာစကားမရှိတာကြောင့် ဂျီမင်းပါးစပ်ပိတ်ပြီးနေလိုက်တော့တယ်။ သူတို့အခြေအနေကြီးကချစ်သူရည်းစားလဲ မဟုတ်ဘူး...ဒီလိုအနေအထားတွေကဘယ်လိုလုပ်သင့်တော်မှာလဲ။

ဖယ်မရတဲ့အဆုံးလက်လျော့လိုက်ပြီး ဂျောင်ဂုဖက်ထားတဲ့အတိုင်းငြိမ်နေမိသည်။ ရှေ့ဆက်တိုးသင့်လား ရပ်တန့်သင့်လားဆိုတဲ့ ‌မေးခွန်းနှစ်ခုမှာသူအခက်တွေ့နေရသည်။ ထပ်နီးမလိုဖြစ်ပြီးမှအရင်တစ်ခါလိုဝေးသွားကြမှာကို ဂျီမင်းသဘောမကျဘူး။

ရင်ခွင်ထဲကလူကိုငုံ့ကြည့်တော့ အပြစ်ကင်းစင်တဲ့ကလေးလေးတွေလိုမျိုးအိပ်နေသည်။ မရဲတရဲနဲ့မျက်နှာပေါ်ကအစိတ်အပိုင်းတစ်ခုချင်းဆီကိုလက်ညှိုးနဲ့တို့ထိကြည့်ရင်း နှုတ်ခမ်းပါးအောက်က မှဲ့နက်လေးဆီအကြည့်ရောက်သွားသည်။

Love like Spring Where stories live. Discover now