အပိုင်း ကိုး

707 65 0
                                    

တစ်ရေးနိုးတော့ ညနေတောင်စောင်းနေပြီ။ hoseok hyung လဲခဏနေလာတော့မှာမလို့ ရေမိုးချိုးဖို့ကိုအရင်ပြင်လိုက်တယ်။ ဆောင်းရာသီဖြစ်တာကြောင့် ရေပူနဲ့ချိုးတာတောင်တစ်ချက်တစ်ချက်အေးနေသေးသည်။ အမြန်လက်စသတ်ပြီးတာနဲ့ အဝတ်လဲဖို့ပြင်ခါနီးမာမီ့ဆီကဖုန်းဝင်လာခဲ့သည်။

မခေါ်စဖူးဖုန်းဝင်လာတာကြောင့် ဂျီမင်းမျက်ခုံးတစ်ချက်ပင့်လိုက်မိတယ်။ ဘာအကြောင်းရှိလို့ပါလိမ့်

"ဟယ်လို မာမီ"

"သား ခဏနေကြဂျောင်ဂုလေးရောက်လာလိမ့်မယ် မာမီဟင်းပို့ခိုင်းလိုက်တာ"

"ဗျာ...."

မာမီ့စကားကြောင့် ဂျီမင်းအကြောင်သားဖြစ်သွားရတယ်။ မာမီကပါဘယ်လိုဖြစ်လို့ ဂျောင်ဂုနဲ့အတင်းနီးစပ်အောင်လုပ်နေရလဲ မသိဘူး။

"မနက်ကထည့်ပေးဖို့ကို မင်းကပြန်ဖို့ပဲအလျင်လိုနေတော့မာမီလည်း မေ့သွားတာ"

"မာမီ! ဘယ်လိုပဲကျွန်တော်နေတဲ့နေရာကလုံခြုံနေပါစေ သူ့ကိုဒီလိုမျိုးတော့မလာစေချင်ဘူး"

"အေးပါ တကယ်ပါပဲဒီသားတစ်ယောက်နဲ့မာမီ နောက်မပို့ခိုင်းတော့ဘူး ဟုတ်ပြီလား"

"ဒါပဲမာမီ"

ဖုန်းချပြီးတာနဲ့ hoseok hyung ဆီ Entကိုမသွားဖြစ်တော့ကြောင်းစာလှမ်းပို့ပြီး ဖုန်းကိုပါ ပါဝါပိတ်ထားလိုက်တော့သည်။ ရေစိုလက်စဆံပင်တွေကိုလဲစိတ်ရှုပ်ရှုပ်နဲ့ ဖွပစ်လိုက်ပြီးငြိမ်နေမိသည်။

မတွေ့ချင်လို့၊ ထပ်ပြီး မနီးစပ်ချင်တော့လို့ထွက်ပြေးနေပါတယ်ဆို အနောက်ကနေဘာလို့လိုက်ခိုင်းနေကြတာလဲ သူတို့အခြေအနေတွေကိုလွယ်ကူနေတယ်လို့ထင်နေကြတာလား။

အတွေးများနေရင်း ဘဲလ်သံကြောင့်ဂျီမင်းတံခါးသွားဖွင့်ပေးလိုက်တော့ ဝင်လာတဲ့သူသည်တစ်ကိုယ်လုံးကို အနက်ရောင်တွေဝတ်ဆင်ထားသည်။ mask ခေါင်းစွပ်ဦးထုပ်ကအစအနက်ရောင်ဖြစ်နေသည်။

"ဒီနေ့အရမ်းအေးတာပဲ အလာတုန်းကဆိုင်ကယ်မောင်းနေရင်းလူက ခဲပြီထင်နေတာ"

"အပူပေးစက်ဖွင့်ထားတယ် ဆိုဖာပေါ်ထိုင်ဦး"

"ဂျီမင်းမေမေက မအားလို့တဲ့ကျွန်တော့်ကိုပို့ခိုင်းလိုက်တာ"

Love like Spring Where stories live. Discover now