Merry Christmas...🎀
"နိုးပြီလား"
"အင်း..."
ရင်ခွင်ထဲက မျက်လုံးတောင်မဖွင့်သေးပဲတအင်းအင်းနဲ့လုပ်နေသူကိုကြည့်ပြီး မျက်နှာအနှံ့လိုက်နမ်းတော့လက်သေးသေးလေးတွေနဲ့ ကွယ်လာပြန်တယ်။
"တော်ပြီလေ မျက်နှာတောင်မသစ်ရသေးတာ"
"ထတော့ သွားဖို့ပြင်ရမယ်ဗျ"
"ချီ...."
ချီဆိုတော့လဲ ဆွေ့ခနဲပွေ့ချီပစ်တော့လည်ပင်းကိုဖက်ပြီး ပါလာပြန်သည်။ ညတုန်းကပေးထားတဲ့ နီရဲရဲအမှတ်တွေကလည်းခန္ဓာကိုယ်တစ်လျှောက် မြင်မကောင်းအောင်ရှိနေတာပေမယ့် ဂျီမင်းကသူ့အပိုင်ဆိုတာကိုသတိရမိတော့လည်း နှုတ်ခမ်းပါးတွေကအပြုံးတွေဖြစ်တည်လာသည်။
"သွားတိုက်ပေးရဦးမလား"
"ဟွန့်..."
နှာတစ်ချက်မှုတ်သံမှာ ဂျောင်ဂုအသဲယားသွားလို့နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်တော့မျက်စောင်းလေးက ဒိုင်းခနဲရောက်ချလာသည်။
"ချစ်မိရင် စုံလုံးကန်းတယ်ဆိုတာဒါလားမသိဘူး။ မင်းဘာလုပ်လုပ် မောင့်အတွင်းထဲကမရိုးမယွတွေဖြစ်ပြီး ဘာတွေလုပ်ချင်လာမှန်းမသိဘူး"
"ပိုတယ် ထွက်တော့ကိုယ်ရေချိုးဦးမယ်..."
"အတူတူချိုးမယ်လေ"
"ဟင့်အင်း ကြောက်သွားပြီနောက်တစ်ခါအလိုမလိုက်တော့ဘူး..."
"ချစ်လို့လေဗျာ အဲ့လိုကြီးတော့စည်းကမ်းတွေမထုတ်လိုက်ပါနဲ့"
"မထုတ်စေချင်ရင် ရေအေးဆေးပေးချိုးပါ"
"ဟုတ်ကဲ့ပါဗျာ...."
ရိုရိုသေသေနဲ့ 90° bow လုပ်လာတော့ဂျီမင်းဆီကရယ်သံတွေထွက်လာသည်။ ထွက်သွားခါနီးတောင်ပြန်လှည့်လာပြီး နှုတ်ခမ်းတွေကိုအမိအရနမ်းသွားတာကြောင့် ကျန်နေခဲ့တဲ့လူမှာအကြောင်သားဖြစ်သွားရသည်။
ပြင်ဆင်ပြီးတော့ ပျင်းနေတာနဲ့ social မှာဆာဖိုလိုအကြောင်းရှာကြည့်တော့နာမည်ကြီးစာရေးဆရာ အီဗျောင်လူးရဲ့ ခရီးသွားကဗျာလေးထဲက စာသားတစ် ယကြောင်းကိုတွေ့လိုက်ရသည်။
YOU ARE READING
Love like Spring
Romanceအေးစက်စက်ဆောင်းအငွေ့အသက်တွေကြား မောင့်ရင်ခွင်မှာနွေးထွေးခဲ့ကြောင်း။