အပိုင်း ရှစ်

709 66 0
                                    

အိမ်မှာနေရင် ဘယ်လိုကုန်သွားမှန်းမသိတဲ့အချိန်တွေကမြန်ဆန်လွန်းသည်။ မာမီကအိမ်လာရင်အလုပ်တွေသယ်လာတာ မကြိုက်တဲ့သူမလို့သူ့အလုပ်တွေကိုရပ်ထားခဲ့ရသည်။ hoseok hyung ကိုလည်းနားရက်ပေးထားပြီး သူလည်းဒီသုံးရက်လုံး သေချာအနားယူခဲ့ပါသည်။

မနက်စာစားပြီးမာမီနဲ့အတူအိမ်သန့်ရှင်းရေးကူလုပ်ပေးဖြစ်သည်။ ဂျောင်ဂုကသူ့အဖေကုမ္ပဏီမှာ အလုပ်လုပ်နေပြီဖြစ်တာကြောင့် ညနေပိုင်းအချိန်လေးသာသူတို့တွေ့ရသည်။ ဒါလည်းတစ်မျိုးတော့ကောင်းပါတယ် မဟုတ်ရင်သူ့စိတ်တွေအစိုးမရဖြစ်နေတော့မှာ....

"မာမီ ကျွန်တော်ဟန်မြစ်ဘက် လမ်းလျှောက်ထွက်ဦးမယ်"

"ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့မာမီ"

မာမီ့ကိုပြောပြီးတာနဲ့ mask ရယ်ဦးထုပ်ရယ် long coat ကိုဝတ်ပြီးထွက်လာခဲ့သည်။ Idol တစ်ယောက်ဖြစ်ရတာမလွယ်ပေမယ့် ဒါကဘဝရဲ့ပျော်ရွှင်မှုတစ်ခုပဲ သီချင်းတွေဆိုနေရတာ က,ရတာတွေကသူ့အတွက်စိတ်ကျေနပ်မှုရစေတယ်။

ဟန်မြစ်ကိုရောက်ရင် အရင်ကလွမ်းဆွတ်စရာအချိန်တွေဆီ‌ပြန်ပြန်ရောက်သွားတယ်။ တွေးကြည့်လိုက်ရင် သူအများကြီးပင်ပန်းခဲ့တာ...

ဂျောင်ဂုနဲ့ချစ်သူတွေဖြစ်ရင် မောင်လို့ခေါ်ဖို့တွေးထားခဲ့တယ်။ တကယ်တမ်းတစ်ဖက်ကချစ်ကြောင်းပြန်ပြောလာတဲ့အခါ သူ့စိတ်တွေကိုရှုပ်ထွေးသွားစေတယ်။ လက်တွဲပြီးနေရာအနှံ့လျှောက်လည်ချင်တယ် ဂျောင်ဂုနဲ့သူသဘောကျတဲ့ ဂျပန်နိုင်ငံကိုလည်းသွားချင်တယ်။

သူကအခုချိန်မှာနာမည်ရနေတဲ့အဆိုတော်တစ်ယောက် Fan တွေသိန်းသန်းမကရှိနေတာ...သူသာဂျောင်ဂုနဲ့ချစ်သူတွေဖြစ်ပြီး မီဒီယာတွေဆီရောက်သွားရင် fan တွေကိုအားနာစရာဖြစ်ကုန်မယ်ထင်တယ်။ ရလာမယ့်မှတ်ချက်တွေကိုလဲ ခံယူဖို့အသင့်မဖြစ်သေးဘူး။ ကြောက်နေခဲ့တာလို့ပြောရင်ပိုမှန်မလား....

ဟန်မြစ်မှာနာရီအတော်ကြာနေခဲ့ပြီးတော့ညနေစောင်းတော့မှ အိမ်ကိုပြန်ဖို့ထွက်လာခဲ့သည်။ နေဝင်ချိန်ဆည်းဆာကိုနောက်တစ်ခါကြ ဂျောင်ဂုနဲ့အတူ လာကြည့်နိုင်လိမ့်မယ်လို့လည်း တွေးထားခဲ့သည်။

Love like Spring Where stories live. Discover now