အပိုင်း ငါး

724 74 2
                                    

"ငါးနှစ်အတွင်း တစ်ချက်လေးတောင်ရောက်မလာခဲ့ဘူးနော်"

တွေ့ချင်နေတဲ့လူကိုတွေ့လိုက်ရပေမယ့် အရင်လိုစိတ်မျိုးနဲ့သာဆို ဂျွန်ဂျောင်ဂုကိုရိုက်နှက်ပြီး‌ရင်ခွင်ကျယ်ထဲ တိုးဝင်ပစ်လိုက်ပြီ။ အခုကနေရာတိုင်းမှာသတင်းထောက်တွေကရှိနေတာကြောင့် အမူအရာကိုထိန်းပြီး အေးဆေးတွေ့လို့ရမယ့်နေရာကို hoseok hyung ကိုပြောပြီးထွက်လာခဲ့သည်။

"လွမ်းလို့လား"

"ဟင့်အင်း မင်းမရှိနေတော့ကိုယ်အဆင်ပြေနေတာ...."

ပြောင်းလဲသွားတဲ့ အသုံးအနှုန်းတွေကြောင့်ဂျောင်ဂု ဘေးကလူကိုကြည့်တော့သူ့ကိုပြန်ကြည့်နေတဲ့ မျက်ဝန်းတွေကသိပ်လှနေခဲ့တယ်။

"ပတ်ဂျီမင်းက ကတိတည်သားပဲ"

"အင်း..."

ဆောင်းရာသီမလို့ တိုက်ခတ်လာတဲ့အေးစိမ့်စိမ့်လေတွေကြောင့် ဂျီမင်းလက်နှစ်ဖက်ကိုပွတ်တိုက်လိုက်မိသည်။ ဒါကိုသတိထားမိသွားတဲ့ဂျောင်ဂုက သူ့အပေါ်ကုတ်ကိုချွတ်လိုက်ပြီး ခြုံပေးလာသည်။

"ရတယ် အဲ့လိုတွေမလုပ်ပါနဲ့အမြင်မသင့်တော်ဘူး...."

"အေးနေတာမလား ကျွန်တော်ကဘယ်လိုလုပ်မသိချင်ယောင်ဆောင်ပေးရမှာလဲ"

တဖန်တိတ်ဆိတ်သွားပြန်တဲ့စကားဝိုင်းမှာ ဂျီမင်းဘယ်ကစပြီးပြောရမှန်းမသိလို့ငြိမ်နေမိသည်။

"ကျွန်တော် ကိုရီးယားကိုပြန်လာတော့မယ်ဂျီမင်း"

"အင်း....ပြန်လာရင်ဦးလေးကုမ္ပဏီကိုကူလိုက်ဦးအခုတလော ရှယ်ယာရှင်တွေပိုများလာတော့အရမ်းအလုပ်ရှုပ်နေတယ်ပြောတယ်"

"ကျွန်တော့်ကို တကယ်မလွမ်းဘူးလား"

"ပြောပြီးပြီလေ"

သူ့ကိုကောက်နေတာမျိုးလဲမဟုတ်ဘူး စိတ်တိုတဲ့လေသံနဲ့လဲမဟုတ်ပေမယ့် သူတို့ကြားမှာပထမဆုံးနေရခက်နေခဲ့သည်။ ဂျီမင်းကစကားနည်းတဲ့လူမှ မဟုတ်ပဲကို။

"ကျွန်တော်ပြန်လိုက်ဦးမယ် ကိုရီးယားပြန်ရောက်ရင်တွေ့ကြမယ်နော်ပြီးတော့ hiányzol (မင်းကိုလွမ်းတယ်) Jimin"

Love like Spring Where stories live. Discover now