10

272 39 18
                                    

Las Vegas၏ မနက်ခင်းသည် လှပနွေးထွေးစွာနိုးထလာခဲ့တော့၏။
ပူပြင်းတဲ့နေရောင်အောက်က အထပ်မြင့်အဆောက်အအုံတွေ လမ်းပေါ်ဖြတ်သန်းပြေးလွှားနေတဲ့ကားတွေနဲ့ မနက်ခင်းသည်လှုပ်ရှားလျက်ရှိလေပြီ။
အသားမကျတဲ့နေရာဖြစ်သည်မို့ hoseokညကအတော်နှင့် အိပ်မရခဲ့ချေ။
မနက်လင်းခါနီးမှ အိပ်ပျော်သည်မို့ အိပ်ယာထနောက်ကျလေသည်။
မနက်ဆယ်နာရီပင် ထိုးလုပြီ။
မျက်လုံးတွေကို ပွတ်သပ်ကာ အိပ်ယာမှထမည်အပြု
သူ့ခါးပေါ်၌ လေးလံသောအရာတစ်ခုက ဖိထားသလို လှုပ်ရှား၍မရ။ မျက်လုံးဖွင့်ကာ ကြည့်မိတော့ jungkookရဲ့ tattooအပြည့်နဲ့လက်တစ်ဖက်က
သူ့ခါးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားနေတာ။
သကောင့်သားက စည်းမကျော်ပါနှင့်ဆိုတဲ့စကားကို နားမထောင်ပဲ စည်းခြားထားသော ဖက်လုံးကိုပါ ကုတင်အောက်သို့ လွှင့်ပစ်ထားလိုက်သေး၏။
hoseok အဲ့လက်ကို တွန်းထုတ်လိုက်ကာမှ ပို၍ပင်တင်းကျပ်အောင် ဖက်လိုက်သေးသည်။
hoseokတစ်ကိုယ်လုံး jungkookရဲ့ အောက်မှာအဖိခံထားရပြီး လှုပ်လို့တောင်မရတော့။

ရုတ်တရက်သူ့ခါးနောက်ဘက်မှ မာကျောသည့်အထိအတွေ့ကြောင့် hoseok တစ်ကိုယ်လုံးတောင့်တင်းသွားမိလေ၏။
ခန္ဓာကိုယ်ကလှုပ်လိုက်တိုင်း အဲ့ဒီအထိအတွေ့ကပိုပြီး
မာကျောလာတော့တာပဲ။
hoseokနောက်ထပ်တစ်ခေါက် သူ့ကိုယ်လုံးလေးကို အသာအယာလှုပ်လိုက်မိတော့မှ သူခါးကိုလာထိနေတဲ့အဲ့ဒီ ခပ်မာမာအရာဝတ္ထုကြီးက ဘာလဲဆိုတာ ကောင်းကောင်းကြီး သိသွားတော့တာပဲ။
hoseok တစ်ခေါင်းလုံးက ဆံပင်တွေထောင်သွားပြီး
အသံကျယ်ကြီးနဲ့ ထဆဲမိတော့၏။

"f... ငါ -ိုးတဲ့မှ ထစမ်းjeon jungkook!!!"

hoseokအိပ်ယာထဲကနေ ထခုန်လိုက်မိ၏။
jungkookက ဘာမှမသိနားမလည်တဲ့ မူကြိုကလေးရုပ်နဲ့ သူ့မျက်လုံးတွေကိုပွတ်နေတော့တယ်။

"ဟမ်"

အိပ်ချင်မူးတူးအသံနဲ့ အိပ်ချင်မူးတူးရုပ်
ပွယောင်းနေတဲ့ ဆံပင်ရှည်လေးတွေနဲ့ ခပ်ဆူဆူနှုတ်ခမ်းလေး။ jungkookက အိပ်ယာထစမှာတော့
အတော်ချစ်ဖို့ကောင်းလေတယ်။

"မင်းငါ့ကို ဘာလုပ်တာလဲကွ"

"ဟမ်"

"တစ်ဟမ်ဟမ်နဲ့ ရူးချင်ယောင်ဆောင်မနေနဲ့
ဘာလို့စည်းကျော်လာတာလဲ!!"

Innocence But Devil [Hiatus]Where stories live. Discover now