ကပ်နံရံကိုမှီလို့ တွေးနေတုန်း ရွာဦးဘုန်းတော်ကြီးကျောင်းထံမှ အိုးစည်တီးသံတစ်ချက်နှစ်ချက်ကြားလိုက်ရသည်မို့ ခေါင်းထောင်သွားရသည်။ဒါက လူစုသည့်သဘော။ နာရီဝက်ခဏအကြာစောင့်ပြီးလျှင် အိုးစည်တီးတော့မည်။ဒါကြောင့် ဖုန်းကိုပိတ်လို့ အခန်းထဲတွင်ထားခဲ့ကာ ရွာဦးဘုန်းကြီးကျောင်းဆီသို့ လာခဲ့သည်။လမ်းတစ်ဝက်တွင် ရွာဦးကျောင်းဆီမှ သံချဲ့စက်ဖြင့်အော်သံကိုကြားရတော့သည်။
"မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေခင်ဗျာ... အကြည်ပန်းပလွန်းကျေးရွာအတွင်းနေထိုင်ကြကုန်သော မိဘပြည်သူများခင်ဗျာ... ရွာဦးဘုန်းတော်ကြီးကျောင်းတွင် လူငယ်အဖွဲ့လေးများ အိုးစည်ကတော့မည်ဖြစ်ပါသဖြင့် ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်ကြည့်ရှူပါရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ.. "
ရွာဦးကျောင်းမှအော်သံကြားလိုက်ရတော့ ခြေကိုခပ်သွက်သွက်လှမ်းမိသည်။အိမ်ကတောင်ပိုင်းဘက် ရွာအထွက်နားမှာဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းကတော့ ရွာအလယ်ထဲတွင် သီးသန့်တည်ရှိနေသည်။
(လော်နဲ့အော်တဲ့အခါတော့ အောက်သံနဲ့ဘဲပြောပါတယ်နော် မြို့ကပြောတဲ့အသံပေါ့)
သိပ်ကြာကြာမလျှောက်လိုက်ရဘဲ ဘုန်းကြီးကျောင်းသို့ရောက်လာသည်။ဘုန်းကြီးကျောင်းသို့ရောက်သည်နဲ့ ဘုရားရှိခိုးပြီး ဆရာတော်ကိုရှိခိုးကန်တော့သည်။ထို့နောက် သနပ်ခါးဝိုင်းဝိုင်းနဲ့ကောင်လေးကိုတွေ့လို့တွေ့ရငြား ကျောင်းအတွင်းကိုပတ်ချာလှည့်ရှာကြည့်မိလိုက်သေးသည်။တစ်နေရာအရောက်မှာတော့ မင်းမောင်ကိုတွေ့လိုက်ရသည်။သူက သူ့သူငယ်ချင်းနဲ့စကားပြောပြီး ခန့်နောင်ရှိရာသို့လှည့်လာသည်။နောက်ပြီး ခန့်နောင်ကိုကြည့်ပြီး သေချာပြုံးပြနေသည်မို့ အယောင်ယောင်အနနဖြင့် ခေါင်းကိုငုံ့ချလိုက်မိသည်။သူနဲ့တွေ့မှ အရှက်သည်းသည့်မိန်းမငယ်တစ်ဦးသဏ္ဍာန်ဖြစ်နေရတော့သည်။
လူစုံပြီလို့ထင်ခါမှ လက်တွင်ပတ်ထားသည့် ပဝါအရှည်ကိုဖြုတ်ပြီး နဖူးတွင်စည်းသည်။နဖူးထက်တွင် ချစ်စရာ 'ယောလူငယ်'ဟုပါသောနီညိုရောင်ပဝါလေးက အသားညိုညိုထက်တွင် ခန့်ညားစွာတည်ရှိနေတော့သည်။သူတို့ပဝါကိုစည်းပြီးတော့ အိုးစည်တွေကို ဘေးတွင်ချသည်။နောက်ပြီး ဆရာတော်ဘုရားရှေ့တွင် ဆောင့်ကြောင့်ထိုင်ချပြီး လက်အုပ်ချီကာ ဦးသုံးကြိမ်ချသည်။ထို့နောက် အိုးစည်တွေကို လွယ်လိုက်ပြီး
![](https://img.wattpad.com/cover/356591712-288-k209867.jpg)
YOU ARE READING
စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂
Ngẫu nhiênအသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...