အပိုင်း ၃၄

80 7 0
                                    

"အော...မခိုင်.."

"ရှင်.."

"ဒယ်နေ့က ဖယ်တွေသွားရမှာလဲ"

အိမ်နီးချင်းဖြစ်သူကမေးလာလေတော့ မခိုင်စားလို့ပြီးသည့်ထမင်းပန်းကန်ကိုဆေးရင်းလှမ်းဖြေသည်။

"ကလေးတွေကတော့ တောကိုကြက်သွန်အနီနှုတ်သွားရမှာ ၊ ကျွန်မကတော့ထုံးစံအတိုင်း နောက်တိုးလေးကိုထိန်းရန်င်း ထမန်င်းဟန်င်းချက်ရမှာပါ့ရှင်"

"အမလေး သားတွေသားမက်တွေကအငြိမ်းထားတာများ နေလိုက်စမ်းပါအေ ၊ ကိုယ်တောင်သက်သာသေး"

"ထာတော့ထာပေါ့ မအေးရယ် ၊ ထာမချဲ ကျွန်မမှာအလုပ်မလုပ်ဘဲနေလာရတာကြာတော့ လိပ်ပြာမလုံတော့ဘူးရှင့် ၊ တစ်နေ့တစ်နေ့ထမန်င်းစားရမှာကို အားနာနေမိတော့တာ.."

အရင်ကအလုပ်လုပ်နေကျဖြစ်နေရာက သားအိမ်ထောင်ကျပြီးထဲကတောကိုမလိုက်ရတော့သည့် မခိုင်သည် အလုပ်မလုပ်ရလျှင်မနေနိုင်ဖြစ်နေရှာသည်။အလုပ်လုပ်နေကျမို့ အလုပ်မလုပ်ဘဲထမန်င်းစားရသည့်နေ့ဆိုလျှင် သိပ်၍စားမဝင်တော့ပေ။

"အိုအေ...အသက်ကြီးပြီမို့ အိမ်မှာထားတာကို နေလိုက်စမ်းပါ ၊ နန်င့်သားတွေက သိတတ်ပါတယ်"

"အေးပါ့အော...ဒယ်လိုပါ့ ကလေးထိန်းရန်င်း ဘုရားတရားမှတ်ရန်င်း နေရတော့မှာပါ့"

အမေနဲ့အရီးအေး၏စကားများကိုကြားနေရရင်း ခန့်နောင်ကတော့ ကြက်သွန်အနီနှုတ်ရာတွင်လိုအပ်သည့်ဝါးချွန်လေးတွေကိုပြင်ဆင်နေရသည်။ကြက်သွန်အနီက အဖြူနှင့်မတူ။အဖြူကတော့ တောင့်တင်းသည့်ကြက်သွန်ပင်တွေကျန်သော်ငြား ကြက်သွန်အနီကတော့အပင်ကသေး၍ကျသွားသည်။ထို့ပြင် ပေါင်းပင်တွေကလည်းထူသည်မို့ မနည်းရှာကာ ဝါးချွန်လေးတွေနဲ့ထိုးကော်ကာနှုတ်ယူရလေသည်။

ခန့်နောင်ကတော့အငှားသားတွေနဲ့ သူ့ဖေကိုထားခဲ့လိုက်ပြီး တောကိုအရင်ထွက်လာခဲ့လိုက်သည်။သူ့အဖေကတော့ ထွန်စက်နဲ့အငှားသားတွေတင်ခေါ်ကာ တောထဲသို့လာလိမ့်မည်။တောကိုရောက်သည်နဲ့ တောင်းတွေ အိတ်နီကြားခွံတွေချကာ ခြင်တောင်းကြားကိုယူပြီး ကိုယ်နိုင်သည့်ငန်းကိုတစ်ငန်းစာယူကာ စသည်။မြက်များကြားထဲမှ ကြက်သွန်ပင်ကိုဖြဲရှာယူကာ တုတ်ချွန်နဲ့ ကြက်သွန်ဥကိုထိုးမကော်မိအောင်သတိထားကာ ကော်ယူပြီး ​ခြင်တောင်းကြားထဲသို့လှမ်းထည့်ရသည်။ထိုသို့နဲ့ ဘယ်လောက်မှမကြာခင် အငှားသားများလိုက်ပါစီးလာသည့်ထွန်စက်ကရောက်လာသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now