အပိုင်း ၄

122 7 3
                                    

အိုးစည်ကတာကြည့်ပြီးသွားတော့ တစ်လှပ်လှပ်ခုန်နေသည့်ရင်အစုံကို လက်နှစ်ဖက်ဖြင့်ဖိလို့ အိမ်ကိုပြန်ရန် ဦးသုံးကြိမ်ချလိုက်သည်။ချွေးတွေထွက်၍ သနပ်ခါးတွေပျက်သွားသော မင်းမောင်သည် ယခင်အတိုင်း ချောမောနေဆဲပါဘဲ။မင်းမောင်က ခန့်နောင်အနားလာထိုင်ကာ ဘုရားဝပ်ချသည်ကိုထိုင်စောင့်သည်။ပြီးမှ အိမ်အတူပြန်ရန် ခေါ်လာသည်။ဒါကြောင့် ခန့်နောင်လည်း မတ်တပ်ထရပ်လို့ မင်းမောင်နဲ့အတူ အိမ်ပြန်လာရဖို့ဖြစ်လာသည်။

ရွာက ၉နာရီထိုးရင် မီးသတ်တာမို့ ရွာကအမှောင်ကျနေသည်။တုတ်မီးကလည်း ယူဖို့မေ့လာခဲ့တော့ လရောင်ကလေးဖြင့်သာ ရမ်းသမ်းလာရသည်။မင်းမောင်ကလည်း နောက်မှထပ်ကြပ်မကွာ လိုက်လာသည်။အခြားသူတွေကလည်း အိမ်ကို သူခရေ ကိုယ်ခရေပြန်သွားကြသည်မို့ ခန့်နောင်တို့ကိုအာရုံမထားမိကြပေ။

(တုတ်မီး=လက်ကိုင်ဓာတ်မီး)

လူရှင်းသွားပြီလားဟု မင်းမောင် ပတ်ဝန်းကျင်ကို ပတ်ချာလှည့်ကြည့်လိုက်မိသည်။လူရှင်းတာသေချာတော့မှ နောင်နောင့်လက်ကို ဆွဲယူဆုတ်ကိုင်လိုက်သည်။

"မင်းမောင်..!!"

လမ်းသွားရင်း လက်ကိုဆုတ်ကိုင်လာသောသူကြောင့် အံ့သြောသွားရပြီး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်မိသည်။

"ဟုတ်ပါတယ် ကျုပ်...မင်းရဲ့မောင်ပါဗျာ"

ရုတ်တက်ရက်ဆိုလာသောမင်းမောင်စကားများကြောင့် ပြောစရာစကားမဲ့ကာ ဆွံ့အသွားရသည်။ယခင်က ကျွန်တော်ဟု သုံးနှုန်းတတ်သော မင်းမောင်သည် ယခုတော့ သူ့သဘောကျသူရှေ့တွင် သိပ်ကိုယောင်္ကျားဆန်ပြချင်နေသည်ထင်။ကျုပ်ဟု ထူးဆန်းစွာ သုံးနှုန်းလာတော့သည်။

ပတ်ဝန်းကျင်ကမှောင်မဲနေသော်လည်း မြင်ကြမည်ကိုစိုးရိမ်သဖြင့် လက်ကိုရုန်းပြီး လက်ဖဝါးကို ဖတ်ခနဲမြည်အောင်ရိုက်လိုက်မိသည်။

အာ့

ကိုယ်ရိုက်လိုက်မှအော်သံထွက်လာတာမို့ စိုးရိမ်တကြီးမေးလိုက်မိသည်။

"ဖာဖြစ်တာလဲ မင်းမောင်"

"ကျုပ်နာတယ်လေဗျာ ၊ အိုးစည်တီးထားတာ လက်ကမနာဘဲဖယ်နေမလဲဗျ ၊ နောင်ကရိုက်လိုက်တော့ ပိုနာတာပေါ့ဗျ"

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now