ဒီနေ့တော့ အိမ်သားမပါဘဲ ခန်နောင်အငှားသားတွေနဲ့တောလာခဲ့ရသည်။မင်းမောင်ကတော့ ဆန်စက်ကပြန်လျှင်လာအုံးမည်ထင်၏။နွားသမားက မြေကွက်ထဲတွင် ကြောင်းအရင်ပေးထားနှင့်သည်မို့ ခန့်နောင် မြေပဲစေ့တွေကိုတောင်းထဲသို့လှယ်ပြီး ရေအနည်းငယ်နဲ့လူးနယ်ဆေးတွေနယ်ရသည်။ပြီးမှ ယူလာခဲ့ကြသည့်တို(ပလိုင်း)တွေထဲသို့ထည့်လွယ်သည်။ထိုတို(ပလိုင်း)ထဲမှ ဘယ်ဘက်လက်ဖြင့်များများနှိုက်ယူပြီး ညဘက်လက်ထဲသို့ လေးစေ့လောက်စီထည့်ကာ ညာဘက်လက်ဖြင့် မြေကြီးကြောင်းထဲသို့ညားအောင် ခြေတစ်ဖဝါးခန့်မျှ ကုန်းလို့ပစ်ချရသည်။ထို့နောက် ချထားသည့်မြေပဲစေ့တွေအပေါ်အသာဖိနင်းထားခဲ့ရသည်။ထိုသို့မဟုတ်လျှင် ရေတင်သည့်အခါ မြေပဲစေ့တွေကနေရာရွေ့သွားလိမ့်မည်သာ။
ထိုသို့စိုက်ရင်း မြေပဲစိုက်ပြီးသားနှစ်ကြောင်းကျော်မှ နေကြာစေ့ကိုထည့်ရသည်။တစ်ခင်းလုံးစိုက်လို့ပြီးသွားတော့ နွားသမားက ဟိုဘက်အခင်းတွင် ကြောင်းအရင်ပေးထားနှင့်သည်။နှစ်ခင်းလုံးတွင်နေကြာရော မြေပဲရောစိုက်ပြီးသွားတော့ နွားသမားက ထွန်ပြားကြီးကိုနွားဖြင့်ဆွဲကာ မြေပဲစိုက်ပြီးသားတွေအပေါ်မြေဖို့သည်။မြေအစိုဓာတ်ကလေးကလည်းသင့်ပြီးသားမို့ ထိုအစိုဓာတ်ဖြင့်သာ မြေပဲပင်တွေပေါက်လာလိမ့်မည်။ကတ္တားပျိုးကလည်း နောက်အပတ်ထဲရောက်လျှင် နှုတ်ရောင်းလို့ရတော့မည်။ထို့ကြောင့် တစ်နေ့ထဲနဲ့ပြောင်းဖူးကိုပါ တစ်ခါထဲစိုက်ထားခဲ့လိုက်သည်။
.....................
"ဖိုးအေး ကတ္တားပျိုးရတော့မလားဟေ့"
"မရသေးဘူးဗျ လိုသေးတယ်"
တောမှ ကြက်သွန်ဖြူစိုက်ဖို့မြေထွန်နေတုန်း အနားကအခင်းမှ မင်းမင်းကမေးလာသည်မို့ မင်းမောင်ဖြေလိုက်သည်။
"အေးအေး ရရန်င် ဆယ်ပိဿာလောက်ယူမယ်ဟေ့"
"ရမယ် မန်င်းမန်င်း"
"အေးအေး ထာက ကြက်သွန်ဖြူစိုက်ဖို့လား"
"ဟုတ်တယ် မန်င်းမန်င်း"
"အေးအေး ကောင်းတယ်"
မြေမှုန့်နေအောင်ထွန်ပြီးတော့မှ ကြောင်းပေးရသည်။အိမ်ပြန်ရောက်မှ အငှားသားမေးရပေလိမ့်အုံးမည်။နှစ်ခင်းလုံး တစ်မနက်စာနဲ့ပြီးအောင်ကြောင်းပေးခဲ့လိုက်သည်။ပုံမှန်ဆို တစ်မနက်စာထဲနဲ့မပြီးပေ။အခုက စက်နဲ့ရော နွားနဲ့ရောထွန်တာမို့ အဲ့လောက်မြန်ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/356591712-288-k209867.jpg)
YOU ARE READING
စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂
De Todoအသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...