အပိုင်း ၂၄

61 4 0
                                    

ညရောက်လို့ ထမင်းစားချိန်ရောက်လျှင် အရင်လို စုံစုံညီညီစားလို့မရတော့။ကလေးကို ကြည့်ရသေးသည်မို့ အမေတို့ကိုသာ အရင်စားနှင့်စေသည်။

"အမေတို့ပါ့ အရန်င်စားနှင့်လိုက်နော် ၊ ကျွန်တော်တို့ နောက်မှစားလိုက်မယ်"

ပြောရင်း သေးစိုနေသော ပုဆိုးဖြတ်စအနှီးကလေးကို လဲပေးရသည်။ထို့နောက် လျှော်ထားသည့် အနှီးယူကာ ခါးအောက်ပိုင်းကို ပတ်လို့ချည်ရသည်။ပြီးမှသာ ကိုယ်ပေါ်တွင် အသာတင်လို့ချီထားရ၏။ကလေးက တင်းတင်းကြပ်ကြပ်ပွေ့ချီလျှင်လည်း မနေဘဲ အော်တတ်သေးသည်။

"နို့ဆာနေပြီလား နောက်တိုးလေးရေ ၊ ခဏနေကျရန်င် နို့တိုက်မယ်နော်"

အဲ့ အဲ့

ခန့်နောင်က ကလေးလက်သေးသေးလေးကို လက်ဖြင့်အသာဆုတ်ကိုင်လို့ မြှောက်ကာမြှောက်ကာဆော့ပေးရင်းပြောလိုက်တော့ နားလည်ဟန်ဖြင့် တစ်အဲ့အဲ့အသံပြုနေသေးသည်။နောက်တိုးဆိုသည့်အမည်က ခန့်နောင်တို့ ကလေးလေးအတွက် အိမ်နာမည်ပေးထားခြင်းသာ။

မိသားစုဝင်တွေထဲ နောက်ဆုံးမှဝင်ရောက်လာသူလေးမို့ ချစ်စနိုးဖြင့်နောက်တိုးဟု ခေါ်ရာကနေ နာမည်တွင်သွားလေတော့သည်။

"ဖေ့နောက်တိုးလေး ဆာနေပြီလားကွ ဟေ..."

သူ့အဖေက ပြောရင်းအိမ်ပေါ်တက်လာပြီး ခန့်နောင်တို့ရှေ့တွင်ထိုင်ကာ နွားနို့ကျိုပြီးထည့်ထားသည့်ဘူးလေးကို လှုပ်ကာပြသည်။နို့ဘူးလည်းမြင်လေတော့ နောက်တိုးတို့များ အသံစူးစူးဖြင့်အော်ချေတော့သည်။

"အဲ့ အဲ့ အဲ...."

ကလေးအော်တာကိုမြင်တော့ သူ့အဖေဖြစ်သူမင်းမောင်က ကလေးကိုအငိုမခံနိုင်ဟန်ဖြင့် နို့ဘူးလေးကို ပို၍အေးသွားအောင် ခပ်မြန်မြန်လှုပ်လိုက်ပြီး ပါးစပ်ဝတွင်တေ့ပေးသည်။နို့ဘူးထိပ်သီးကလေး ပါးစပ်ထဲရောက်လာတော့မှ အအော်ရပ်ပြီး တစ်မြုံ့မြုံ့နဲ့စို့ပါတော့သည်။

"ဟာ...ဖေ့နောက်တိုးလေးက တအားဆာနေတာကိုး...၊ ဟုတ်ပါရဲ့ကွာ ဖေနောင်ကလည်း သားကိုဂရုမစိုက်ဘူးထန်င်ပါ့"

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now