ဘာလိုလိုနဲ့ သီတင်းကျွတ်လထဲသို့ ရောက်လာခဲ့ပြီဖြစ်သည်။ဒီနေ့က သီတင်းကျွတ် လဆန်း၁၄ရက်နေ့မို့ ရွာထဲမှ သက်ကြီးရွယ်အိုများထံ ဆွမ်းဆန်ငှသွားရန်ပြင်ဆင်နေခြင်းပင်။
ဖျင်ကြမ်းလွယ်အိတ်ထဲသို့ ဆန် လေး၊ငါး ဘူးထည့်ကာ ပဲ့ပန်းကန်တစ်လုံးကို လွယ်အိတ်ထဲထည့်လိုက်သည်။
(ပဲ့ပန်းကန်က ရေနွေးသောက်ခွက်ကိုပြောတာပါ)
နောက်ပြီး လူကြီးများထံမှ စားစရာအနေဖြင့်ပြန်ပေးမည့် ချိုချဥ်များထည့်ရန် ကြွတ်ကြွတ်အိတ်တစ်လုံးဆောင်ရသေးသည်။ဆွမ်းဆန်ငှခံရသည့်အိမ်တိုင်း စားစရာပြန်မပေးတာမရှိ။များသောအားဖြင့် တစ်ယောက်ကိုချိုချဥ်နှစ်လုံးစီပြန်ပေးသည်။တစ်ရွာလုံးမှ ပြန်ပေးကြသည်မို့ ချိုချဥ်များမှာ အိတ်နဲ့တစ်လုံးပင်ရတတ်သည်။
(ကြွတ်ကြွတ်အိတ်က ပလပ်စတစ်အိတ်ကိုပြောတာပါ )
အလေးကတော့ မှန်ရှေ့တွင် သနပ်ခါးလူးကာ ဆံပင်များကိုခေါင်းဖြီးဖြင့်ရှင်းလင်းနေသည်။ဆံပင်မြင့်မြင့်စီးရန်ပြင်တော့ အမေ့ပြောသံကို မင်းမောင်ကြားလိုက်ရသည်။
"အေသားလေး ဆံပင်ကိုမြင့်မြင့်မစီးရဘူး ကလက်တယ် ၊ ရိုးရိုးကလေးသာ ခပ်နိမ့်နိမ့်စီးပါကွယ်"
(ကလက်တယ်ဆိုတာ ကြည့်မကောင်း မြင်မကောင်းတာကို ပြောတာပါနော်)
မေမေက ထန်းလျက်ကိုကျိုပြီး မုန့်မှုန့်တွေထည့်ကာရောနယ်ပြီး မုန့်ဆီကျော်,ကျော်ရင်းပြောတော့ အလေးကနာခံစွာဖြင့်ပြန်ပြောရှာသည်။
"ဟုတ်ကဲ့ မေမေ"
"မေမေ.."
မင်းမောင် ပုဆိုးပြင်ဝတ်ရင်းခေါ်တော့ မေမေက တံတွေးကိုကြမ်းပြင်ပေါက်မှထွေးချလို့ ထူးလာသည်။
"ဟေ..."
"ကျွန်တော် ဆွမ်းဆန်ငှသွားတော့မယ်"
"အေးအေး မောင်လေး နန်င့်မိမိလေးအိမ်ရယ် ၊ အရီးလေးအိမ်ရယ် ၊ မယ့်အဲလေးအိမ်ရယ် ချန်ခဲ့နော့ ၊ အဲ့အိမ်တွေက မနက်ကျမှ ဆွမ်းပို့မှာ"
"အမ်း..."
မှန်ကိုကြည့်ကာ ခေါင်းဖြီးရင်းနဲ့မှပြန်ဖြေတော့ မေမေက ခပ်ပြုံးပြုံးကြီးလုပ်လို့ ပြောလာသည်။
![](https://img.wattpad.com/cover/356591712-288-k209867.jpg)
YOU ARE READING
စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂
De Todoအသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...