အပိုင်း ၃၈

150 4 1
                                    

🎶နှစ်သစ်မင်္ဂလာ~~~အတာရေသဘင်ပွဲမှာ~
     ချစ်ချစ်ခင်စရာ~~~ ကြင်သူကို~~
     ကိုယ်လေလိုက်ရှာ~~~

     ဟော..တွေ့ပြီဗျာ~~
     ဖလားလေးနဲ့~~သူရေကစားတာ~~~
     နှုတ်ခမ်းလေးနဲ့...သာ~~
     မခို့တရို့နဲ့သိနှင့်တာ~~~

     တန်ခူးလသင်္ကြန်မှာ~~ပျိုဒီတွေ~~
     တကယ်ချောတာ~~~
    

     ဖျန်းပက်ချင်တာ~~~ကြင်သူရေ~~
     မငိုပါနဲ့ကွာ~~~
     သိကြားမင်းကိုသာ~~သွားလို့ဖြင့်~~
     တိုင်ကာ...ပြောမှာ~~~

  
     ပိတောက်တစ်ခက်နဲ့~~ ချစ်ပန်းလေးမို့~~
     မငြင်း..သင့်ပါ~~~

     မူယာ..မာယာ...အကဲ..ပိုရင်ဖြင့်ဗျာ~~~
     မိုးသကြားမင်းကသာ~~~
     ရိုက်လိမ့်မယ်~~~ကြောက်စရာ~~

     ကြင်သူ..မေရာ~~~ငေးမှိုင်နေနဲ့ကွာ~~
     တွဲဖက်လို့...ရေကစားကြဖို့လှမ်းခဲ့ပါ~~~

ဇော်ကြီးတစ်ယောက် ဂစ်တာတစ်လက်ဖြင့် ဝိုင်းချစ်မလေးအိမ်ရှေ့သွားကာ သူမအိမ်ရှေ့ကကွပ်ပျစ်တွင်ထိုင်ပြီး သူမလေးအတွက်သီချင်းဆိုနေခြင်းပင်။သူမလေးကတော့ ယောင်လို့ပင် မျက်နှာပြမလာ။နတ်ရဲမှာတော့ဖြင့် ဂစ်တာတစ်လက်နဲ့ ကာလသားတစ်သိုက် သီချင်းအော်ဆိုကြပြီဆိုရင် ပျိုမေလေးတွေက အိမ်ကနေ ခေါင်းလေးကပြူတစ်ပြူတစ်နဲ့ ချောင်းကြည့်ကြသည်။မဟုတ်ရင်တောင် ရင်းနှီးသူက လက်ဖက်နဲ့ရေနွေးကြမ်းတောင်လာချပေးကြသေးသည်။အခုတော့ဖြင့် ပျိုမေလေးက စိမ်းကားရက်နိုင်လွန်းသည်။

ပြောသာပြောရသည်။နတ်ရဲဆိုသည်က ရွာလို့တောင်မဆိုသာ။ရပ်ကွက်တစ်ခုလို့ပြောရင်တောင်ရသည်။ရွာရယ်လို့သီးသန့်ဆောက်ထားတာမျိုးမဟုတ်ဘဲ ကျောက်ထုမြို့နဲ့ဆက်လို့သာ။ထို့ကြောင့် နတ်ရဲရပ်ကွက်လို့ပြောကြသည်။မြို့နှင့်နီး၍ လူငယ်တွေဖြစ်ဖြစ်လူကြီးတွေဖြစ်ဖြစ် နည်းနည်းလေးတော့ဆန်းချင်ကြသည်။အရှက်အကြောက်ရှိသော်လည်း ရွာသူစစ်စစ်တွေလောက်တော့မဟုတ်လှ။ကျောက်ထုမြို့ကလည်း ရုန်ကုန် ၊ မန္တလေးတို့လောက်မကျယ်သော မြို့သေးလေးတစ်ခုသာဖြစ်လေသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now