"အလေးရေ..သွားရအောင်ဟေ့.."
ခန့်နောင် မျက်နှာချင်းဆိုင်အိမ်မှအငှားသားတွေခေါ်ပြီး တောကိုလာခဲ့လိုက်သည်။
"နောင်နောင် ယုယရော.."
"အလေးက သရေစာတွေပြန်င်နေတာ...ခဏနေရန်င်လာမှာပါ.."
"အေးအေး.."
ကြက်သွန်စိုက်ရင် ပုံးကလေးတွေတောင်းကလေးတွေနဲ့ထည့်လို့စိုက်ရသည်မို့ လူတိုင်းက ပုံးကိုယ်စီတောင်းကိုယ်စီနဲ့သာ။မင်းမောင်ကတော့ စကာခုံးကလေးကိုယူခဲ့သည်။တောက အနောက်ချောင်းပြင်တင်လေးမို့ ရွာအနောက်ဆီသို့သွားကာ ချောင်းကူးရုံနဲ့တင်ရောက်သည်။ထို့ကြောင့် မြန်မြန်ရောက်လေသည်။
တောရောက်ရောက်ချင်း ကြောင်းပေးထားသည့်အခင်းတွေထဲဆင်းကာ ကြက်သွန်စိုက်ဖို့ပြင်သည်။တစ်ယောက်ကိုလက်တစ်ကမ်းလောက်သာယူပြီး ကြောင်းလေးတွေထဲသို့ ကြက်သွန်ခေါင်းကိုမြေကြီးထဲသို့စိုက်ချကာ ဘေးတိုက်စိုက်သွားခြင်းဖြစ်သည်။မြေကြီးကလည်းနုတာမို့ စိုက်ချလိုက်တာနဲ့တန်းခနဲအိဝင်ကာ ထောင်ထောင်ကလေးကျန်နေရစ်သည်။ထိုကြက်သွန်တက်ကလဲသွားလျှင်တော့အပင်ပေါက်လာမည်မဟုတ်။မြေကြီးကြမ်းလျှင်တော့ မြေကြီးခဲတွေကြားထဲအသာစိုက်ချရသည်။
ထို့နောက်ရှေ့သို့ဖြည်းဖြည်းချင်းတက်လို့စိုက်ရသည်။ပြီးမှသာ အနောက်ကနေလိုက်လို့ ကောက်ရိုးအုပ်ရသည်။ကောက်ရိုးအုပ်မှသာ ပေါင်းပေါက်သက်သာလိမ့်မည်။
"နောက်တစ်ခန်င်းက ရိုးငုတ်ထိုးမှာလား"
စိုက်ရင်း အလေးကမေးလာသည်မို့ ခန့်နောင်လည်းဖြေလိုက်သည်။
"ဟုတ်တယ် အလေး ၊ ရိုးငုတ်က ပိုဥတယ်ကြားဖူးလို့.."
"ဟုတ်တယ်..ရိုးငုတ်ကပိုအဆန်င်ပြေတာနော..နှစ်တက်ထိုးမှာလား"
ကြက်သွန်စိုက်နည်းနှစ်မျိုးရှိသည်။ထွန်စိုက်နဲ့ရိုးငုတ်စိုက်ခြင်းဖြစ်သည်။ထွန်စိုက်ကတော့ ထွန်ယက်ထားသည့်မြေကြီးတွေထဲစိုက်ပြီး ရိုးငုတ်ထိုးတာကတော့ စပါးရိတ်ပြီးသားရိုးငုတ်ပြတ်တွေထဲ ကြက်သွန်တက်ထိုးခြင်းဖြစ်သည်။ရိုးငုတ်တိုတွေက အတော်ကြဲသည်မို့ တစ်ချို့တွေဆို နှစ်တက်ထိုးကြသည်။

YOU ARE READING
စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂
Rastgeleအသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...