အပိုင်း ၃၂

132 6 2
                                    

"အမေ ကျွန်တော့်တို့ရွာကိုစောင့်ရှောက်တဲ့ နတ်က အဘရွှေနန်းမောင်မလား"

"ဟုတ်တယ်လေ...ငါတို့ရွာနဲ့ အရှေ့ကအညာရွာနဲ့ကို အဘက နှစ်ရွာပေါင်းပြီးစောင့်ရှောက်တာ..."

"အော.."

"မနက်ခါ စနေဆိုတော့ နန်းစန်င်ရေလဲသွားအုံးမှပါ.."

ယောမှာက စနေနေ့တိုင်နန်းစင်ရေလဲကြသည်။အားတဲ့သူတွေက သူတစ်စုကိုယ်တစ်စုဖြင့် စုမိစုရာအတူတူသွားကြလေသည်။အဘနန်းက အကြည်ရွာနဲ့အညာရွာကြားတွင်တည်ထားသည်။အဘကို နှစ်ရွာပေါင်းပြီးကိုးကွယ်ရတာဖြစ်သည်။ခန့်နောင်လည်း အိမ်ထောင်မကျခင်က နန်းစင်ရေလဲသွားသော်လည်း အိမ်ထောင်ကျပြီးသားလေးရောက်လာထဲက နန်းစင်ကိုမရောက်ဖြစ်သေးပေ။အလုပ်တွေကရှုပ်နေတာမို့ သွားလည်းမသွားသာပေ။မနက်ခါမှ စောစောထပြီး ပန်းချိုးလို့ ကောက်ညှင်းကလေးနဲ့ နန်းစင်ရေလဲလိုက်ချည်အုံးမှသာ။

"အမေ့ မနက်ခါ ကျွန်တော်အလုပ်တွေဖြတ်ပြီး လိုက်ခဲ့အုံးမယ်လေ ၊ သားသားရောက်ကထဲက နန်းစင်ရေလဲမသွားဖြစ်သေးဘူး"

"အေး ​ပြောပြီးရန်င်တော့ လုပ်ကိုလုပ်နော် ၊ မလုပ်ဖြစ်ရန်င် မောင်လေးအတွက်မကောင်းဘူး"

"အမ်း..လုပ်မှာ အမေ့ ၊ မနက်စောစော ကျွန်တော်ထလုပ်လိုက်မယ်.."

"အေးအေး မောင်လေး နှစ်ယောက်အတူသွားချည်ကြတာပါ့"

ဒီလိုနဲ့ရာဇဝင်အကြောင်းနားထောင်ကြရင်း မိုးချုပ်သွားလေတော့ လုပ်စရာရှိတာလုပ်ကြပြီး အိပ်ရာဝင်ကြသည်။မနက်စောစောထရမည်ကိုလည်းတွေးရင်း မှေးစက်လိုက်တော့သည်။

......................
တုံ...တုံ...တုံ...

အောက်အီးအီးအွတ်~~~

ဘုန်းကြီးကျောင်းမှ မနက်ခေါင်းခေါက်သံနဲ့အတူ အိမ်အောက်မှကြက်စင်ပေါ်မှ ကြက်ဖကြီးကလည်း မနက်၄နာရီကွက်တိမြည်တွန်လေသည်မို့ ခန့်နောင်နိုးလာရသည်။အိမ်ကကြက်ဖကြီးတွန်ပြီးသည်နဲ့ ဘေးအိမ်က ကြက်ဖတွေကလည်း လိုက်မြည်တွန်ကြသည်မို့ တစ်ရွာလုံးကြက်တွန်သံတွေညံသွားရသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now