ညလုံးပေါက် သီချင်းဖွင့်ထား၍ သီချင်းသံက ရွာတစ်ရွာလုံးကိုဖုံးလွှမ်းကာ အခြားရွာဘက်ထိပင် ပျံ့နှံ့လို့နေသည်။
မနက်ထမင်းကျွေးသွားရမည်မို့ ခပ်စောစောထလိုက်သည်။မျက်နှာသစ်သွားတိုက်ပြီးသည်နဲ့ သနပ်ခါးကိုခပ်ပျစ်ပျစ်သွေးပြီး ပါးပေါ်တင်လိမ်းလိုက်သည်။ပြီးနောက် စတစ်အင်္ကျီနဲ့ ယောပုဆိုးတစ်ထည်ကိုထုတ်ဝတ်ပြီး ဆံပင်ကိုဆီလိမ်းလို့ သေချာဖြီးသင်လိုက်သည်။
"အလေး ထမန်င်းဇလုံက ဖယ်မှာလဲ မောင်မောင်ယူသွားလိုက်မယ်"
"အမ်း စားပွဲပေါ်မှာလေ မောင်မောင်ရဲ့"
မီးဖိုထဲဝင်ကာ စားပွဲကိုကြည့်လိုက်တော့ ထမင်းကဇလုံနဲ့အပြည့်ဖြစ်ကာ အငွေ့တစ်ထောင်းထောင်းထလျှက်။
အဝတ်စုတ်တစ်ခုနဲ့ခုပြီး ယူကာ မဏ္တပ်ရှိရာသို့ထွက်ခဲ့လိုက်သည်။နောက်ပြီး ထမင်းထည့်မည့်ဇလုံအကြီးကြီးထဲသို့ လှယ်ထည့်လိုက်သည်။နောက်ပြီး နေရာမှတ်မိသားမိအောင်ထားကာ ထမင်းကျွေးရန်အတွက်အသင့်ပြင်ဆင်ရသည်။အကုန်လုံးပြင်ဆင်ပြီးပေမယ့် ရေသောက်မည့်ရေဘူးနေရာတွင် ရေဖလားကမရှိ။
နောင်က ပန်းကန်တွေကိုသေချာရေဆေးနေသည်မို့ နောင့်အနားသွားကာမေးလိုက်သည်။
"နောင်...ရေဖလားတွေ့မိသေးလားဗျ မောင် ရေဖလားမတွေ့လို့.."
နောင်ဆေးနေသောပန်းကန်ကိုဆွဲယူဆေးရင်းပြောတော့ နောင်က လက်သည်းထိပ်ဖြင့် သူ့အသားကိုလာဆိတ်သည်။
"အာ့ နာလိုက်တာဗျ ဖာလို့ဆိတ်တာလဲဗျ"
အဆိတ်ခံရသည့်နေရာကို လက်ဖြင့်ပွတ်ရင်း စောဒကတက်မိတော့ မျက်စောင်းတစ်ချက်လက်ဆောင်ရလိုက်လေသည်။
"မင်းဖယ်လိုဖြစ်နေတာလဲ လူကြားထဲ အဲ့လိုမသုံးနဲ့ဆိုတာကို..."
"အင်းအင်း ကျွန်တော်မှားသွားတယ်နော် တောင်းပန်ပါတယ်ဗျ"
တောင်းပန်စကားဆိုလိုက်တော့မှ မျက်နှာကြောပြေလျော့သွားသည့်သူ၏အသည်း။
"ဟိုမယ် ရေဖလားတွေက ငါဆေးပြီးမှောက်ထားတာ မင်းမမြင်ဘူးမဟုတ်လား"
YOU ARE READING
စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂
Acakအသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...