အပိုင်း ၂၇

60 2 0
                                    

မနက်ခေါင်းခေါက်သံကြားလို့သာအိပ်ရာထဲမှ ထလိုက်ရသည်။အမှန်တော့ ညကနေ အခုချိန်ထိကောင်းကောင်းမအိပ်စက်ရသေး။ကိုယ်တော်ချောကတော့ အတော်လေးကိုအိပ်ပျော်နေရှာသည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူကို မျက်စောင်းသာထိုးပစ်လိုက်ရင်း အောက်သို့ဆင်းခဲ့လိုက်သည်။ဒီနေ့တစ်နေကုန်လုံး နေလို့လင်တော့မည်မဟုတ်။

အောက်ရောက်တော့ မျက်နှာသစ်သွားတိုက် အိမ်သာတက်ပြီး ထမင်းစားသည်။ထို့နောက် အိမ်နောက်ဖေးတွင်ပေါင်းရှင်းနေလိုက်၏။စပါးလေချရမှာမို့ တောကိုစောစောသွားစရာမလို။လေကလည်း မနက်၉နာရီ၁၀ နာရီလောက်မှသာကောင်းကောင်းလာသည်မို့ ထမင်းထုပ်နဲ့စပါးလေချသွားရပေလိမ့်မည်။မနက်မိုးကျဲကျဲလင်းတော့ မင်းမောင်က အိပ်ရာထလာသည်။လက်ထဲမှာလည်း သူ့သားကိုစောင်နဲ့ပွေ့လို့ချီထားပြီး မီးဖိုအရှေ့တွင် မီးလှုံရန်ဖိုထားသည့်မီးပုံဘေးကတုံးတွင်ဝင်ထိုင်သည်။

ခန့်နောင်ကတော့ ထမင်းလည်းစားသောက်ပြီးပြီမို့ တောင်းတွေပလုံးတွေယူပြီး တောသို့ထွက်သည်။

"သူ့ဖေ လာရင် ပေနံအိတ်တွေယူခဲ့လိုက်အုံးနော် ၊ ထမန်င်းချိုင့်ကပါခဲ့ပြီးပြီ"

"ဟုတ်ပြီနောင် ကျွန်တော်ယူခဲ့လိုက်မယ်"

(ပေနံအိတ်က ဆာလာအိတ်တွေကိုပြောတာပါနော် မြို့ဘက်တွေကတော့ ဘယ်လိုခေါ်ဆူနာလည်းမသိဘူးရှင့်)

မင်းမောင်ကိုလှမ်းမှာခဲ့ပြီးတော့မှ တောသို့လာခဲ့လိုက်သည်။တောရောက်ရောက်ချင်း ကောက်ရိုးထုံးတွေ မိုးကာတွေကိုဖယ်ပြီး အရင်ဆုံး ဘေးအစပ်မှကောက်ရိုးမှိုက်အသေးတွေနဲ့အနည်းငယ်ရောထွေးနေသည့်စပါးတွေကို စခါကျဲထဲထည့်ကာ စခါအရင်ချရသည်။ဘေးပတ်ချာလည်အကုန်လိုက်လုပ်ပြီးတော့ မနက်ကိုးနာရီလည်း ထိုးသွားချေပြီ။ထိုအခါမှ မင်းမောင်ကလည်း ပေနံအိတ်တွေထပ်လို့လိပ်ကာစည်းထားသည့် အစည်းကိုပုခုံးပေါ်တွင်ထမ်းလို့ ယာခင်းထဲသို့ရောက်ချလာသည်။

ထိုအခါမှ အလေးရော မင်းမောင်နဲ့သူပါ သုံးယောက်သား လေလာသည့်အချိန်ကိုက်နှင့် စပါးတွေကိုကျုံးထည့်လို့ စကောနဲ့စပါးလေချရသည်။လေလာရာကိုကျောပေးပြီး စကောကိုလက်နှစ်ဖက်ဖြင့်မြင့်မြင့်ကိုင်ပြီး စောင်းထားရသည်။လေလာတော့မှ ဖြေးဖြေးချင်းချရ၏။စပါးအလွင့်တွေက လေနှင့်အတူပါသွားပြီး စပါးအကောင်းတွေက မိုးကာပေါ်ပြန်ကျသည်။ထို့ကြောင့် စပါးအလွင့်ကတစ်ခြမ်း စပါး​ကောင်းတွေက တစ်ခြမ်း သပ်သပ်ကလေးဖြစ်နေတော့၏။ထိုသို့ဖြင့်လေချသွားရင်း စပါးပုံကြီးလာသည့်အခါတွင်တော့ နောက်သို့ဆွဲချရသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now