အိမ်ရောက်သည်နဲ့ ရေမိုးချိုးသနပ်ခါးလိမ်းကာ အင်္ကျီလဲသည်။ထိုစဥ် ဘုန်းကြီးကျောင်းမှ လူငယ်နဲ့ကျောင်းသားကျောင်းသူများကို မိုက်နဲ့အော်ကာခေါ်သည်မို့ ခပ်သွက်သွက်ထွက်ခဲ့လိုက်သည်။
ဘုန်းကြီးကျောင်းရောက်တော့မှ လူစုံအောင်စောင့်ပြီး လူငယ်ခေါင်းဆောင်ကပြောသည်။
"မီးကြာချတာက အမျိုးသားနဲ့အမျိုးသမီးတွဲလုပ်ရမှာမို့ တွဲဖက်မိန်းခလေးရှာဖို့လိုပါတယ် ဒါကြောင့် ကိုယ့်စိတ်ကြိုက်တွဲဖက်ရှာချင်လား ဒါမှမဟုတ် မဲချပေးစေချင်လား"
လူငယ်ခေါင်းဆောင်ကပြောလိုက်တော့ အကုန်လုံးက အင်တင်တင်လုပ်နေသည်မို့ မဲချပေးဖို့ဖြစ်လာရသည်။
"ဒါဆို မဲချပေးပါ့မယ် မြောက်ဘက်ဆုံးကနေစပြီး နံပါတ်စဥ်ရေတွက်သွားပါ အဆုံးရောက်သည်အထိ...ပြီးရင် ကိုယ့်နံပါတ်နဲ့ကိုယ်မှတ်ထားပါနော်"
လူငယ်ခေါင်းဆောင်ပြောလိုက်တော့ တစ်ယောက်ချင်းစီ ရေတွက်သွားသည်။
ယောင်္ကျားလေးအဖွဲ့သည် တစ်မှ၂၀အထိရှိပြီး မိန်းခလေးအဖွဲ့က ၂၁ယောက်ရှိနေသည်မို့ ကျောင်းသားထဲမှ အကြီးဆုံးအတန်းဖြစ်သည့်ကောင်လေးတစ်ယောက်ကိုထည့်လိုက်တော့မှ အတွဲကိုက်သွားသည်။
၁မှ၂၀အထိဖြစ်သည့်နံပါတ်စဥ်များကိုစာရွက်ကလေးများထဲ ရေးချကာ အမျိုးသမီးများကိုမဲနှိုက်စေသည်။
၂၁မှ၄၁အထိနံပါတ်များကိုလည်း စာရွက်တွေထဲတွင်ရေးချကာ အလိပ်ကလေးလိပ်ပြီး ယောင်္ကျားလေးများကိုမဲနှိုက်စေသည်။
မင်းမောင်နှိုက်ပြီး မဲလိပ်ကလေးကိုဖြန့်ကြည့်လိုက်တော့ နံပါတ်က "၂၇"တဲ့။
"မင်းမောင် မင်းနံပါတ်ကဘာလဲ"
လူငယ်ခေါင်းဆောင်ကမေးလာလေတော့ မင်းမောင်စာရွက်ကလေးကို ရှေ့ထိုးပေးကာဖြေလိုက်သည်။
"၂၇.."
မင်းမောင်ဖြေလိုက်တော့ လူငယ်ခေါင်းဆောင်က အမျိုးသမီးတွေထဲအော်၍မေးသည်။
"နံပါတ် ၂၇က ဘယ်သူလဲဟေ့"
လူငယ်ခေါင်းဆောင်ကအော်ကာမေးလိုက်တော့ မိန်းခလေးတစ်ယောက်ကဖြည်းဖြည်းချင်းလက်ကလေးထောင်ကာ တိုးလွန်းသောအသံဖြင့်ပြောလာသည်။

YOU ARE READING
စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂
Acakအသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...