စံရွာအဝင်ရောက်သည်နဲ့ ကြက်သွန်ကတ္တားပျိုးဝယ်မဲ့သူတွေက တောင်းလေးတွေနဲ့အစီအရီရောက်လို့နေနှင့်သည်။မလောက်ငှနိုင်သည်ကိုသိသည့်ဟန် သုံးဘီးရပ်တာနဲ့လုမည်တစ်ကဲကဲပြင်နေကြသည်မို့ အတော်တောင်းဆိုရသည်။
"ကလေးသားလေး အိပ်နေလို့ပါ ၊ ငှပါတယ် နောက်နေ့တွေလည်းလာပို့အုံးမှာ ဒယ်နေ့မငှလိုက်တဲ့သူတွေက မနက်ခါအတွက်တစ်ခါထဲစာရင်းပေးထားခဲ့"
ထို့ပြောပြီးကလေးကိုချီကာ ကျောပေါ်တင်ပြီးသားပိုးစောင်နဲ့ပိုးထားလိုက်သည်။ထို့နောက် ပိဿာကျောက်နဲ့တစ်ပိဿာချင်းစီရောင်းရသည်။စံမှာကချင်းတွေကလည်းရှိတော့ တောင်ပေါ်ချင်းတွေရှိသည့်အချိန်နဲ့ငြားကာ နှစ်ဆယ် သုံးဆယ်တစ်ပြတ်ထဲယူသည်။တစ်ခါထဲလက်ငင်းပေးသွားကြသူချည်းမို့အတော်လေးအဆင်ပြေပါသည်။ပါလာခဲ့သည့်ကတ္တားအချိန်တစ်ရာကျော်ဟာ ရောက်တာနဲ့ကုန်သွားရလေသည်။ထို့ကြောင့် ကလေးကိုပွေ့ချီးပြီးသာအိမ်ပြန်ဖို့ပြင်ရလေသည်။
လက်ထဲရှိကလေးကိုကြည့်ကာသနားပိုမိသည်။ကလေးက ဒဏ်ပိတော့မှာ။မဖြစ်သေးပါဘူး နောက်နေ့တွေကျမခေါ်ဘဲနေအုံးမှပါ။
အိမ်ပြန်ရောက်သည်နဲ့ ရလာသည့်ပိုက်ဆံကို မီးဖိုးစရိတ်နဲ့ စုဖို့နဲ့ခွဲပြီးအမေ့ဆီပေးထားလိုက်သည်။
"အမေ...ထာက မီးဖိုချောင်စရိတ် ၊ ထာက အမေသိမ်းထားပေးအုံး ၊ အမေသုံးချန်င်တာရှိရန်င်လည်းသုံးလို့ရတယ်"
"လူအိုကြီးကဖာသုံးစရာရှိမှာလဲအေ"
ပြောပြီး အမေကပိုက်ဆံကိုကောက်သိမ်းကာ သေတ္တာထဲတွင်သော့ခတ်လို့သိမ်းသည်။တစ်နေကုန်ပင်ပန်းထားရတော့ မနေနိုင်တော့ဘဲ ညဘက်တွင်အစောကြီးအိပ်ပျော်သွားလေရတော့သည်။
ဒီလိုနဲ့နောက်နေ့ရောက်လာပြန်တော့လည်း ကတ္တားပျိုးနှုတ်ရောင်းရပြန်သည်။မနက်ကိုလူအင်အားတောင့်တောင့်နဲ့နှုတ်ပြီး ညနေပိုင်းကို စံရွာတွေဘက်သို့သွားရောင်းရပြန်သည်။ကတ္တားပျိုးရောင်းတာကသင်နှစ်မှမဟုတ်ဘဲ ဟိုးအရင်နှစ်တွေကလည်းရောင်းနေကြမို့မိတ်ကအတော်လေးများသည်။ပန်းဆန်ကလည်းလိုချင်ကြသည်မို့ အသိအိမ်ကိုသွားပို့ပေးရသည်။ထိုအသိကတစ်ဆင့်စာရင်းနဲ့မှတ်ကာရောင်းပြီးပိုက်ဆံတွေကောက်ပြီးမှပြန်ပေးသည်။ညနေတိုင်ရင်တော့စံရွာကိုသာသွားလို့ရောင်းရသည်။ဒီလိုနဲ့ရောင်းလာခဲ့သည်မှာနောက်ဆုံးတစ်ဘောင်သာကျန်တော့သည်မို့ အိမ်နှံစိုက်ဖို့ချန်ထားရတော့သည်။

YOU ARE READING
စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂
Losoweအသားလည်းညို အပြောလည်းချိုတဲ့ ယောသားလေးကို လာချစ်ကြည့်လှည့်စမ်းပါဗျာ...