အပိုင်း ၃၇

53 5 0
                                    

" ဟေ့ နွေမ...နွေမရဲ့ကကွက်လေးကရှဟေ့က်စရာကွယ်"

မဏ္တပ်ပေါ်တွင် ဆောင်းဗောက်ဖွင့်ကာ လူငယ်တစ်ချို့ဖျော်ဖြေသူကဖျော်ဖြေကြသလို လူကြီးတွေနဲ့အတူ မနက်စတုဒီသာကျွေးရန်အတွက်ပြင်ဆင်ကြသူလည်းပြင်ဆင်ကြ၏။ကပြဖျော်ဖြေသည်ကို ခေါင်းလေးမော့လို့ကြည့်ရင်း ဟင်းချက်စရာများကို သင်နွှေးနေကြသည်။

နောင်နဲ့ခန့်နောင်ကလည်း ကလေးကိုရင်ခွင်ထဲထည့်ကာ ဟင်းချက်စရာများကိုအသင်ပေါင်နေကြသည်။

"ပုံပြတေးဆို...ခုအခြေခိုက်စရာမို့ လုံမလေးကိုနော်ဗျာ...သူ့အမေရိုက်ပါလို့...

ဟိုမှောင်မိုက်မှာတဲ့ရှိုက်ရှိုက်ကာငိုသံတွေ...ကြားရသူ ပူဗျာပါဘွေ ကိုယ်လေမနေတတ်ပြီမို့...လာလာလေ လိုက်ခဲ့ပါတော့ မောင်တို့ငှာနေ ချစ်သောအညာမြေ...."

လင်းနိုင်က တုတ်ခိုင်လက်ကိုဆွဲကာခေါ်ဟန်ပြုတော့ ပွဲကြည့်သူများကတစ်ဝါးဝါးဖြင့်ရယ်ကြလေသည်။ထို့တော့ ဖျော်ဖြေသူကရှက်ရှက်ဖြင့်သာဖျော်ဖြေရသည်။

"မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ်... ပင်ထနောင်းနဲ့ထန်းပင်တွေရယ်း ဝါးပင်ပေါပါတယ်~~~

မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ်~~~ ပင်ထနောင်းနဲ့ထန်းပင်တွေရယ် မန်ကျည်း ဝါးပင်ပေါပါတယ်ဗျ~~~

ပင်ပင်နီချောရယ်နဲ့ ယောထမီ~~~~ယောထမီ~~~မောင့်ချစ်သူလေးကိုလှ ဆင်စေ့ချင်သည် လှစေချင်သည်~~~~

ပင်ပင်နီချောရယ်နဲ့ အော်~~~ယောထမီ~~~မောင့်ချစ်သူလေးကိုလှ ဆင်စေ့ချင်သည် လှစေချင်သည်~~~~

ပိတ်အင်္ကျီမှာ ကြွေတွေစီလို့~~~ပိတ်အင်္ကျီ..ပိတ်အင်္ကျီမှာ...ကြွေတွေစီလို့~~~

ကျောက်...ဖန်ကပေါ~~~ယော...ယောသူတို့ရွာ~~~

လိုက်ခဲ့ပါလားကွယ်~~~ချစ်သည်းရေ...ပစ်မခွဲပေ..ပင်ပန်းရင်လည်း မောင့်ရင်မှာအပန်းဖြေ~~~

လိုက်ခဲ့ပါလားကွယ်~~~ချစ်သည်းရေ...ပစ်မခွဲပေ...ပင်ပန်းရင်လည်း အော်...မောင့်ရင်မှာအပန်းဖြေ~~~

သွားအတူတူ~~~လာအတူတူ~~~ယုယုယယ မောင်ချစ်မှာပါလေ~~~

သီချင်းတစ်ပုဒ်လုံးဆုံးသွားတော့ ဖျော်ဖြေသူက စင်အောက်သို့ဆင်းသွားချေသည်။ထိုတော့ စင်အောက်မှကြည့်ရှူနေသည့်ယမကာလုလင်များက သီချင်းရပ်သည်ကိုသဘောမကျဘဲ သူ့ဆိုင်းသူတီးကာ စင်အောက်တွင်ကကြသည်။

စိမ်းလန်းစိုပြေ ဒို့ယောမြေ☘️🍂Where stories live. Discover now