နိုင်ငံအစွန်းအဖျားတွင်ရှိသော နယ်မြေအခြေစိုက် စခန်းတစ်ခုတွင်ဖြစ်သည်။
"ဒီနေ့ အဖွဲ့ထဲကို လူသစ်ရောက်မယ်ဆို"
"ဟုတ်တယ်..ကောင်လေးက တော်တယ်ကြားတယ်။ ဝင်ခွင့်စာမေးပွဲမှာ တစ်နိုင်ငံလုံး အဆင့် ၅တဲ့..."
"အဆင့်၅!!"
အဖွဲ့ဝင်တစ်ယောက်ဟာ အလွန်အံ့ဩသွားပုံရသည်။ သူကပြောသည်
"ဝါးးး ဒီလောက်ဆို အတော်အားကိုးရမယ်ထင်တယ်။ လေ့ကျင့်ရေးရော ဆင်းပြီးပြီတဲ့လား"
"ဆင်းပြီပြီ။ အဲ့ဒါကြောင့် ရုံးချုပ်က ငါတို့အဖွဲ့ထဲကို လွှတ်လိုက်တာပေါ့"
"ကျန်တာ စိတ်မပူဘူး။ ခေါင်းဆောင်နဲ့ မတည့်မှာ စိတ်ပူတာ။ ငါတို့ကလွဲပြီး တခြားသူဆို ခေါင်းဆောင်ရဲ့ဒဏ်ကို မခံနိုင်ဘူးလေ..အဲ့ဒါကြောင့် အဖွဲ့ထဲထွက်သွားတဲ့သူတွေ ဘယ်လောက်တောင်မှ များလိုက်သလဲ"
ကျန်အဖွဲ့ဝင် တစ်ယောက်သည် တွေးစစဖြင့် ကော်ဖီခွက်လေးကို ကိုင်လျက် သူ့တို့စကားဝိုင်းထဲ ပါဝင်ရန် လွတ်နေသော ခုံတွင် ဝင်ထိုင်သည်။
"ခေါင်းဆောင်ကလည်း လူ့ဂွစာကိုးး"
"မင်းတော့! သူကြားရင် ကွင်း၁၀ပတ်ပြေးနေရအုံးမယ် ထယ်ယောင်းရယ်"
ထိုအခါ ထယ်ယောင်းဇာတ်လေးပုဝင်သွားသည်။ ကော်ဖီခွက်လေးကို သူ ခေါင်းဆောင်အကြောင်း ပြန်တွေးမိသည်။ ခေါင်းဆောင်ဆိုတာ ခေါင်းဆောင်ပေါ့...။
နိုင်ငံအစွန်အဖျားတိုင်းက အခြေစိုက်စခန်းတွေမှာ အထူးလေ့ကျင့်ရေးဆင်းထားကြတဲ့Alphaစစ်သားတွေနဲ့ ဖွဲ့ထားတဲ့ အထူးတပ်ဖွဲ့တွေရှိတယ်။ အဖွဲ့တစ်ဖွဲ့မှာဆို အဖွဲ့သား ၅ယောက်မျှပါဝင်ပြီး ဒေသတိုင်းက အတော်ဆုံးစစ်သားတွေကိုစုစည်းထားကြတာ။ အထူးတပ်ဖွဲ့တွေက အန္တရာယ်များတဲ့စစ်ဆင်ရေးတွေကို လုပ်ကြရပြီး လစာလည်းများသလို နိုင်ငံကလည်း အများကြီးထောက်ပံ့ပေးတယ်။
နှစ်တိုင်း တစ်နှစ်မှာ ၂ကြိမ်ကျင်းပတဲ့ စစ်ရေးဝင်ခွင့်စာမေးပွဲတွေမှာ ဝင်ရောက်ဖြေဆိုတဲ့သူက ထောင်ကျော်ရှိသည်။ အထူးတပ်ဖွဲ့ဝင်အတော်များများက ထိုအဆင့်သတ်မှတ်ချက် ၁ထောင်ထဲကမှ ၁ကနေ ၃၀အတွင်း ရရှိသူတွေဖြစ်သည်။ အခု သူတို့ တောင်ဘက်စခန်းမှာဆိုရင် အထူးတပ်ဖွဲ့တစ်ဖွဲ့နဲ့ စစ်သား ၅၀ကျော်ရှိသည်။ ထိုအယောက်၅၀ကျော်လုံးက အထူးတပ်ဖွဲ့ရဲ့ Leaderကို ကြောက်ကြတယ်။ ဘာကြောင့်လဲဆို Leaderက ဒီစခန်းတစ်ခုလုံးမှာ ရာထူးအမြင့်ဆုံးဖြစ်တဲ့အပြင် လူ့ဂွစာဖြစ်နေလို့ပဲ။ အခုလောက်ဆို ခေါင်းဆောင်အကြောင်း နည်းနည်းတော့ သိလောက်ရောပေါ့။
YOU ARE READING
The ALPHA and His LEADER [Completed]
RandomLeaderက Angry birdတဲ့...ဘယ်သူကထင်မှာလဲ Angry bird က Lovely heart ဖြစ်လာမယ်လို့