Ep - 21

7.6K 769 244
                                    

"ခေါင်းဆောင်...တကယ်ပဲ သွားမတွေ့ဘူးလား"

"အင်း..."

Jungkook ခေါင်းဆောင်ကို အကြောင်းအရာအားလုံးကို ခရေစေ့တွင်းကျ အကုန်ပြန်ပြောပြီးပြီ ဖြစ်သော်ငြား ခေါင်းဆောင်ဟာ တုပ်တုပ်မျှမလှုပ်။ ခေါင်းဆောင်ရင်ထဲက အစိုင်အခဲတွေဟာ ကြေဖို့ခဲယဉ်းနေတာ ဖြစ်နိုင်သည်။ မိဘနဲ့ပက်သက်ပြီး နာကြဉ်းချက်တွေဟာ ဆယ်စုနှစ်ကျော်နေပြီဖြစ်၍ လွယ်လွယ် မချေဖျက်နိုင်တာလည်း jungkook နားလည်သည်။ ထို့ကြောင့် အတင်းတော့ မတိုက်တွန်းမိ။ မနေ့‌ညကလည်း ခေါင်းဆောင်ဆီကို မွေးအဖေ လာကြည့်သေးသည်။

ထို့ကြောင့် Jungkookသည် ခေါင်းဆောင်ရဲ့မွေးအဖေကိုလည်း သူ့ဘက်ကအရင်စပြီး ရှင်းပြရန်တိုက်တွန်းပါသေးသည်။ သို့သော်လည်း သူဟာ မဝံ့မရဲဖြစ်ခြင်းများစွာဖြင့် ခေါင်းဆောင်ဆီကို စကားတောင် စမပြောရဲကြောင်း ပြော၏။ မိဘတစ်ယောက်အနေနဲ့ လိုအပ်ချက်တွေရှိနေခဲ့မှန်း သူကိုယ်တိုင်လည်း သိတဲ့အတွက် သားဖြစ်သူကို တွေ့ဖို့အတွက် ကြောက်ရွံ့နေခဲ့၏။ ခေါင်းဆောင် သူ့ကိုမုန်းနေမှန်းလည်း သူသိနေ၏။ ဒါ့ကြောင့်လည်း သူ့သားဟာ သူ့ကိုတွေ့တွေ့ချင်း မျက်နှာတည်သွားပြီး လျစ်လျူရှု့ခဲ့တာဖြစ်သည်။

"ရွာသူကြီးနဲ့ စကားပြောစရာရှိတယ်"

ခေါင်းဆောင်သည် ရွာသူကြီးနဲ့ စကားပြောရန် ထွက်သွားပြီး သူ့ကိုတော့ ထားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ရွာသားတွေ လုံခြုံရေးအတွက် ဝံပုလွေတွေကို တခြားနယ်ကို ရွေ့သွားပေးမှာပါ။ ရွာရဲ့ဧရိယာအတိုင်း ခြံစည်းရိုးခတ်ပေးဖို့လည်း တိုင်ပင်နေကြပါတယ် ဒါပေမယ့် ဒီဖြစ်ရပ်မှာ မှားယွင်းနေတာလေး ရှာတွေ့လို့ပါ။ ဒီတောင်နဲ့ဒီတောမှာ သစ်ခုတ်ထားတာကို တားမြစ်ထားပါတယ်။ ပြီးတော့ အဲ့ဒီတောင်ကစပြီး အနောက်ဘက်တစ်လျှောက်လုံး ဘေးမဲ့တောတွေပါ။ ကျွန်တော်သိရ‌သလောက်တော့ ရွာသားတွေက ဘေးမဲ့တောထဲက သတ္တဝါတွေကို အမဲလိုက်တယ် ပြီးတော့ သစ်ခုတ်ဖို့ တားမြစ်ထားတဲ့ တောမှာ သစ်ခုတ်ပါတယ်။ ဒါက ရွာသားတွေဘက်က အမှားပါ။ ဒီ့အတွက် ကျွန်တော်တို့ဘက်က ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ"

The ALPHA and His LEADER [Completed]Where stories live. Discover now