Ep - 9

6.9K 728 171
                                    

အဖြစ်အပျက်တွေဟာ သိပ်ကို မြန်ဆန်လွန်းပါတယ်။ အချိန်တွေကလည်း မြန်တဲ့အခါ နောက်တစ်နေ့မနက်ပင် ရောက်ရှိခဲ့ပြီ။

"အငယ်လေး...ထ...မင်း အိမ်မပြန်တော့ဘူးလား"

"ကျွန်တော် မျက်နှာမပြရဲဘူး"

သူ့စကားကြောင့် အစ်ကိုဆော့ဂျင်က သဘောတကျ ရယ်သည်။ မနေ့ညက အလန့်လွန်ပြီး မေ့လဲသွားတဲ့ သူ့ကို အစ်ကိုထယ်ယောင်းနဲ့ အစ်ကိုဆော့ဂျင်က တွဲပြီး အဆောင်ကိူ ပြန်ခေါ်လာခဲ့ရတာ။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ...။ အနမ်းခံလိုက်ရရုံလေးနဲ့ မေ့လဲသွားရတယ်လို့..။

တကယ်တမ်းက တကယ် ရှော့ခ်ရသွားတာ။ လုံးဝ မမျှော်လင့်ထားတဲ့ လုပ်ရပ်ကြီးလေ။ ခေါင်းထဲ အုံးခနဲ‌ ပေါက်ထွက်သွားသလိုဖြစ်သွားတာ။ ဖြစ်နိုင်ရင် သေးသေးလေးဖြစ်ပြီး ပျောက်ကွယ်သွားချင်မိပါတယ်။

"ဂျောင်ဂု ခုထိ မထသေးဘူးလား"

အစ်ကိုထယ်ယောင်းက ထပ်ရောက်လာပုံရသည်။

"ဟိုမှာလေ..."

ဆော့ဂျင် မေးငေါ့ပြရာနေရာကို ထယ်ယောင်း ကြည့်လိုက်တော့ စောင်အောက်မှာ ပုန်းနေသည့် ဂျောင်ဂုကိုတွေ့လိုက်ရသည်။

"ရှက်လို့လား...ဟားဟား"

"မရယ်နဲ့"

စောင်အောက်က ခပ်ကြိတ်ကြိတ်ပြောသံကိုကြားပြီး ထယ်ယောင်းက ထပ်ရယ်သည်။

"မင်းမေ့လဲသွားတာ ဖြစ်သင့်ပါတယ်ကွာ..တပ်သားတွေအကုန်လုံးတောင် မယုံနိုင်ဖြစ်နေကြတာကို"

"ကျွန်တော် ဘယ်လိုလုပ်အပြင်ထွက်ရပါ့မလဲ...လူတိုင်းက လိုက်ကြည့်နေမှာ...ပြီးတော့ ပြောကြသေးတယ်။ ဟိုကောင်လေးက ခေါင်းဆောင်နမ်းလိုက်လို့ မေ့လဲသွားတဲ့တပ်သားမလား ဘာညာဆိုပြီး...အားးးးး ရှက်လိုက်တာ!!"

အစ်ကိုဆော့ဂျင်က ပြောသည်။

"ငါပြောသားပဲ ခေါင်းဆောင်က အရက်သောက်နဲ့ သွေးဆိုးပါတယ်ဆို...အရက်လေးဝင်တာနဲ့ အသိစိတ်ပျောက်သွားတာ"

"ဒါဆို ဘာလို့ ကျွန်တော်လဲ! တပ်သားတွေ အများကြီးထဲမှာမှ ဘာလို့ ကျွန်တော်လဲ...."

The ALPHA and His LEADER [Completed]Where stories live. Discover now