"ဟေ့! ဘယ်သူလဲကွ...အဲ့ဒီကို တယဝန်ရှိသူကလွဲပြီး ဝင်မရဘူးဆိုတာ မသိဘူးလား"
မောင့် ခြေလှမ်းတွေ တန့်ခနဲ။ အထူးတပ်ဖွဲ့ဝတ်စုံနဲ့ဖြစ်၍ မောင့်မျက်နှာဟာ Military Camouflage Balaclava Full Face Maskဖြင့် ကွယ်ထားပြီး မျက်လုံးတစ်နေရာကိုသာ လွတ်နေသည်။ မောင့်လည်ပင်းက ကျောက်လေးသည်လည်း လင်းလိုက်မှိန်လိုက် လင်းလိုက်မှိန်လိုက်ဖြစ်နေသည်။ ဆိုလိုသည်က အသက်အန္တရာယ်ဖြစ်တဲ့အထိ အန္တရာယ်မရှိသော်လည်း ခေါင်းဆောင် ဒုက္ခရောက်နေသည် ဆိုသော သဘောမျိုး။ မောင်သည် ဆွဲသီးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လျက် ဒေါသတွေ တလိပ်လိပ်။
မောင်သည် သူ့အနားကပ်လာသော တစ်စုံတစ်ယောက်ကြောင့် လက်ထဲက သေနတ်ကို ခါးကြားထဲ ထိုးထည့်လိုက်သည်။ သည်တပ်သားတွေသာ ဘာမှမသိဘဲ အမိန့်အတိုင်း ထမ်းဆောင်နေရတာဖြစ်၍ သူပြင်းပြင်းထန်ထန် တိုက်ခိုက်မှာမဟုတ်ပါ။ အနည်းဆုံး သတိမေ့ရုံလောက်ပေါ့။
"မင်းဘယ်သူလဲကွ!"
ခွက်!
မောင်၏ လက်သီးချက်သည် ထိုတပ်သား၏ပါးပြင်ပေါ် တစ်ချက်တည်း...။
ဘုန်း...ခနဲ လဲကျသွားသည့် ထိုတပ်သားသည် ကြမ်းပြင်ပေါ် တောင့်တောင့်ကြီး။ မောင်သည် သူ့လက်စသူသည်မလို့ တစ်ချက်ထိုးပြီးနောက် ထိုတပ်သားအား ကျော်ခွကာ ရှေ့ဆက်သည်။ မောင်ဟာ ခေါင်းဆောင်ရှေ့တွင်တော့ ကလေးငယ်တစ်ယောက်လို..သို့ပေမယ့် မောင့်ရဲ့ ကြမ်းတမ်းတတ်တဲ့တစ်ဖက်ခြမ်းကလည်း နတ်ဆိုးတစ်ကောင်လိုဆိုတာ သိသူနည်းသည်။
အဆောက်အဦး ဖွဲ့စည်းပုံကို မသိတဲ့အခါ ခေါင်းဆောင်ဘယ်မှာရှိနေလဲ မသိသည့်အတွက် မောင့်စိတ်တွေ ပိုလောလာသည်။ တပ်သားတွေအားလုံးကို ရှောင်တလှည့် ချတလှည့်ဖြင့် အဆောက်အဦးထဲ ရောက်တတ်ရာရာ လိုက်ရှာနေသည့် မောင့်ခြေလှမ်းတွေဟာ ခပ်ကျဲကျဲ။
လမ်းတစ်ခုအဆုံး၌ မောင် ဓာတ်ခွဲခန်းတစ်ခုကို တွေ့လိုက်ရသည်။ မောင် ထိုအနားသို့ မသိမသာ ကပ်၍ အထဲရှိ ဆရာဝန်များ၏ စကားတို့အား နားစွင့်နေလိုက်သည်။
"ဒါဆို ငါတို့စမ်းသပ်ချက် အောင်မြင်တော့မှာပေါ့"
"မသေချာသေးဘူးကွ...အသွင်းပြောင်းတွေက လူသားတစ်ယောက်လိုပဲဆိုတော့ တစ်ခါတည်း လေးကောင်ငါးကောင်မွေးဖို့ ခဲယဉ်းတယ်"
![](https://img.wattpad.com/cover/356707896-288-k148921.jpg)
YOU ARE READING
The ALPHA and His LEADER [Completed]
РазноеLeaderက Angry birdတဲ့...ဘယ်သူကထင်မှာလဲ Angry bird က Lovely heart ဖြစ်လာမယ်လို့