Ep - 11

6.5K 727 135
                                    

သာယာသော မနက်ခင်းဝယ် ခေါင်းဆောင်၏ ဆူပူသံဟာ ကျယ်ကျယ်လောင်လောင်။

"ဘယ်သူလဲ!"

ခေါင်းဆောင်သည် မျက်ကြောကို လက်ချောင်းထိပ်လေးတွေဖြင့် ဖိနှိပ်ရင်း စိတ်လျော့နေလေ၏။

"မင်းတို့တွေ...စကားဝှက်ကို ဘာလို့များ..."

ခေါင်းဆောင်ရဲ့အသံဟာ အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ ကားတစ်စီး ရုတ်တရက် ဘရိတ်အုတ်လိုက်သလိုမျိုး မြင့်သွားရာကနေ ချက်ချင်းနိမ့်ကျသွားသည်။ ပေါက်ကွဲမိမှာစိုး၍ စကားကို အရှိန်သတ်လိုက်တာမျိုး။

"မိုက်ပါတယ် ခေါင်းဆောင်ကလည်း"

စကားဝှက်ကို သဘောကျနေတဲ့ သကောင့်သားကို ကြည့်လိုက်လျှင် စကားဝှက်ကို ဘယ်သူပေးလိုက်လဲ သူမျက်မှန်းတန်းသိလိုက်ပြီ။

"တပ်သားဂျွန်ဂျောင်ဂု!"

"ဟုတ်ကဲ့!"

"မင်းမဟုတ်လား"

"မဟုတ်ပါဘူး"

မျက်တောင်လေး ပေကလပ်ပေကလပ်ဖြင့် လွယ်လင့်တကူပင် ပြန်ငြင်းလိုက်ပုံကို ကြည့်လိုက်လျှင်လည်း ဒီသကောင့်သားမှန်းသေချာသိနိုင်သည်။ ဘေးက အစ်ကိုတွေကလည်းမတားဘဲ အလိုတူ အလိုပါ။ အစ်ကိုနမ်ဂျွန်းတို့ကိုပါ ခပ်စူးစူးကြည့်ပေးလိုက်တော့ မျက်လုံးကတောင်ကြည့်မြောက်ကြည့်ဖြင့် မအူမလည်လုပ်နေကြသည်။

"ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော်ပေးတာပါ"

"စစ်တိုက်တာ ကလေးကစားစရာ မဟုတ်ဘူးဆိုတာရော မင်းသိလား"

"ကျွန်တော်သိပါတယ်"

"မင်း!....စကားဝှက်ကို...မိုချီ မိုချီလို့ ဘယ်သူကပေးလို့လဲ"

ခေါင်းဆောင်က ဒေါသကို အတော်လေးထိန်းချုပ်ထားလျက် မပေါက်ကွဲမိအောင် ကြိုးစားရင်း တစ်လုံးချင်းပြောနေတာ ဖြစ်သည်။

"ကျွန်တော်ပေးတယ်လေ"

"မိုချီ မိုချီ ဟုတ်လား...စစ်ပွဲမှာ မိုချီ မိုချီ ကြားလားလို့...ပြောနေရမှာလား...ငါစိတ်လေတယ်"

"ကျွန်တော်က ခေါင်းဆောင်ကြောင့်ပေးတာလေ။ ခေါင်းဆောင်က မိုချီလုပ်နေကြဆိုတော့ စကားဝှက်ပြောတာနဲ့ ခေါင်းဆောင်ကို သတိရအောင်လို့"

The ALPHA and His LEADER [Completed]Where stories live. Discover now