Ep - 24

8.3K 771 351
                                    

Club အတွင်း၌ မြူးကြွသော တီးလုံးသံတို့ပျံ့လွင့်လျက် အနည်းငယ် ဆူညံနေ၏။ အထူးတပ်ဖွဲ့ဝင် Alpha တစ်သိုက်မှာ မြူးကြွပျော်မြူးနေသော်ငြား မပျော်နိုင်သူနှစ်ယောက်မှာ ခေါင်းဆောင်နှင့် ဒေါက်တာလေးပင်ဖြစ်သည်။

ဒေါက်တာလေးသည် မသောက်မစားတတ်သည့်သူဖြစ်သလို ခေါင်းဆောင်ကလည်း ဆူဆူညံညံနေရာတွေကိုမကြိုက်သောသူ ဖြစ်သည်။ သို့ဖြစ်၍ သူတို့မပျော်နိုင်ကြပေ။ Dance floor တွင်ကနေသော Alpha တစ်သိုက်အား ကြည့်ရင်း သူတို့နှစ်ယောက် တရားကျနေလေသည်။

"အစ်ကိုဟိုဆော့ မကဘူးလား"

"မကတတ်ပါဘူးကွာ...ငါက ငါဘာသာ လိုးကီးလေး နေတတ်တာ..မင်းကချင်ရင် သွားကလေ"

"မကချင်ပါဘူးဗျာ...စိတ်ရှုပ်စရာကြီး"

"ငါ့မှာ ဒိန်ချဉ်ပါတယ် သောက်မလား"

"သောက်မယ်"

ဒိန်ချဉ်ဗူးမြင်မှ မျက်နှာလေးရွှင်လာသည့် ခေါင်းဆောင်အား ဒေါက်တာလေးက ဒိန်ချဉ်တစ်ဗူးပေးလိုက်သည်။ Club လာသော်လည်း ဒိန်ချဉ်နှင့် နှစ်ပါးသွားတတ်သူများကလည်း သက်သက်ရှိသေး၏။

"အစ်ကို လူရှုပ်တဲ့နေရာမကြိုက်ဘူးမလား...ဘာလို့ လိုက်လာတာလဲ"

"ထယ်ယောင်းက အတင်းခေါ်လို့လေ"

"ငြင်းလိုက်တာမဟုတ်ဘူး"

"ငါလည်း တစ်ခါလောက်ရောက်ဖူးချင်တာနဲ့..."

ဒေါက်တာလေးနှင့်စကားဖောင်ဖွဲ့နေရင်း ဂျီမင် Dance floor ကို ကြည့်မိသည်။ အငယ်ကောင်သည် ကွေးနေအောင်ကနေပြီး လက်ထဲမှာလည်း ရှန်ပိန် တစ်ခွက်နဲ့။ ဘေးနားမှာလည်း omega အလှလေးများ ပတ်ချာလည်ဝိုင်းနေသည်။

"ဝါးးး Alpha တွေများ..."

"ငါတို့အငယ်လေးက ချောတယ်လေ..သူဝိုင်းဝိုင်းလည်နေမှာပေါ့...ကြည့်လုပ်နော် ပါသွားမယ်"

"ပါ ပါ ပေါ့"

ဂျီမင် နှာတစ်ချက်မှုတ်ကာ ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။ တကယ်တမ်း သူ့စိတ်ထဲ နေမထိထိုင်မသာ..ရင်ထဲတနုံ့နုံ့။ မနေ့တစ်နေ့က ချစ်လှပါပြီကြိုက်ပါပြီရဲ့ဆိုပြီး အခုကြ အလှလေးတစ်သိုက်နဲ့ ပျော်ပါးနေတာ။ တရားကျစရာပဲ ဟမ့်!

The ALPHA and His LEADER [Completed]Where stories live. Discover now