"ဘယ်သူလဲ...သူက ဘယ်သူလဲ"
သူမသည် သူ့အမေးကို ပြန်မဖြေဘဲ သူ့ကိုကျော်၍ မလှမ်းမကမ်းကိုသာ စိုက်ကြည့်နေသည်။ သူလည်း ထိုနေရာကိုပဲ လှည့်ကြည့်လိုက်တဲ့အခါ ထိုနေရာတွင် Jungkook ထိုင်နေသည်ကိုတွေ့ရသည်။
"သူပဲ"
"ဘယ်လို!"
ဂျီမင် မယုံနိုင်စွာဖြင့် jungkook ကို ပြန်လှည့်ကြည့်မိသည်။ jungkook ကတော့ ဂျီမင့်ကို သတိမထားမိပါ။ တပ်သားတစ်ယောက်နှင့် စကားတွေပြောနေလျက် သာသာယာယာပင်။
"ကျွန်မ အဖေ့ ရုံးခန်းက ပြန်ထွက်လာတော့ လမ်းတစ်ဝက်မှာတင် သူနဲ့တိုးတယ်။ အဖေက တော်ရုံအရေးကြီးကိစ္စမရှိရင် တပ်သားတွေနဲ့မတွေ့ဘူးဆိုတော့ ကျွန်မလည်းစပ်စပ်စုစုနဲ့ ချောင်းနားထောင်ကြည့်ခဲ့တယ်ဆိုပါတော့"
"သူတို့ ဘာတွေ ပြောနေခဲ့တာလဲ"
သူမက ဟင်းခနဲ ပြုံးရင်း တွေးဆဆဖြင့်။
"အလေးပြု!"
"သက်သာ"
ဗိုလ်ချုပ်ဆီမှ သက်သာဟုကြားမှသာ jungkook သက်သာ အနေအထားဖြင့် မတ်တပ်ရပ်နေသည်။
"အရေးကြီးကိစ္စရှိလို့ တွေ့ချင်တယ်လို့ ခွင့်တောင်းခဲ့တာ မင်းမဟုတ်လား"
"ဟုတ်ပါတယ်"
"ကိစ္စက..."
"ခေါင်းဆောင်နဲ့ အရှေ့ပိုင်းက ဗိုလ်ချုပ်ရဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းပေးပါ"
"ဘာ!"
"ခေါင်းဆောင်ကို ကျွန်တော် ဒေါ်လာတစ်သိန်းနဲ့ တင်တောင်းပါ့မယ်"
Jungkook သည် လက်ထဲမှ ချက်လက်မှတ်ကို ဗိုလ်ချုပ်ရှေ့တွင် ထားလိုက်ပြီးနောက် စကားဆက်သည်။
"ကျွန်တော်အဖေကအဖေက Jeon group က CEOဖြစ်ပြီးတော့ အမေက Happiness စိန်၊ရွှေ၊ရတနာ လုပ်ငန်းပိုင်ရှင်ပါ။ အဒေါ်က J&J လေကြောင်းလိုင်းက ဒုဥက္ကဌ ၊ ဥက္ကဌကတော့ အဒေါ်ရဲ့ယောင်္ကျားပါ။ ကျွန်တော်က The Black Entမှာ ရှယ်ရာရှင်တစ်ယောက်ပါ။ ခေါင်းဆောင်ကို တင်တောင်းဖို့ကိစ္စကို အဖေနဲ့အမေ့ကိုလည်း တိုင်ပင်ပြီးပါပြီ။ အမေက Omegaရှင်ဘက်က တင်တောင်းခိုင်းသလောက်ငွေနဲ့ တင်တောင်းပါ့မယ်လို့ဆိုပါတယ်။ အမေက ကိုယ်တိုင်ကိုယ်ကျလာဖို့တောင် စီစဉ်နေတာ ကျွန်တော်က တားလို့သာ မလာတာပါ။ အကယ်၍ ကျွန်တော့်ရဲ့ တင်တောင်းမှု့ကို လက်ခံခဲ့ရင် ဗိုလ်ချုပ်ရဲ့စီးပွားရေးလမ်းကြောင်းမှာ Jeon Group က ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီးတော့ လုပ်ငန်းတိုင်း ပူပေါင်းဆောင်ရွက်သွားမှာပါ"
YOU ARE READING
The ALPHA and His LEADER [Completed]
AléatoireLeaderက Angry birdတဲ့...ဘယ်သူကထင်မှာလဲ Angry bird က Lovely heart ဖြစ်လာမယ်လို့