"ဒီတစ်ခေါက် မစ်ရှင်မှာ ခေါင်းဆောင်မလိုက်နိုင်လောက်ဘူး။ အဲ့ဒါကြောင့် မင်းတို့တွေ သေချာစည်းလုံးဖို့လိုမယ်"
"ကျွန်တော် လိုက်နိုင်ပါတယ်"
ခေါင်းဆောင်သည် ချက်ချင်း ငြင်းဆန်လိုက်သည်။ ဗိုလ်ချုပ်က ထိုသည်ကို အလိုမကျဟန်ဖြင့် ပြန်မေး၏။
"မင်းလက်တစ်ဖက် ထိခိုက်ထားတယ်မလား။ အကယ်၍ မင်းလိုက်သွားရင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မယ်"
" ကိစ္စမရှိပါဘူး။ ကျွန်တော်ရဲ့ ဘယ်လက်တစ်ခုလုံး အကောင်းကြီးရှိပါသေးတယ်"
ခေါင်းဆောင်သည် စစ်ဆင်ရေးကို လိုက်ဖို့သာ စိတ်အား ထက်သန်နေပြီး မရမကလိုက်မည့်ပုံပင်။
" ကျွန်တော်တို့ ခေါင်းဆောင်မပါလည်း အဆင်ပြေပါတယ်"
ရုတ်ချည်း ထပြောသည့် တပ်သားjungkookကို ကြည့်ပြီး ခေါင်းဆောင် အံကြိတ်လိုက်သည်။
"ဟုတ်ပါတယ်။ ခေါင်းဆောင်လည်း လက်ကျိုးထားတာဆိုတော့ အကယ်၍ တိုက်ခိုက်နေရင်း ပိုပြီး ထိခိုက်သွားရင် စိုးရိမ်ရပါတယ်"
နမ်ဂျွန်းကပါ ဝင်ပြောတော့ ခေါင်းဆောင်ရဲ့ မျက်နှာ ညှင်းသိုးသွားသည်။ တကယ်တမ်း သူစိတ်မချလို့ပါ။ စိတ်မချတာကလည်း စိတ်လိုက်မာန်ပါ လုပ်တတ်သည့် တပ်သားjungkookပါနေလို့။ စစ်ဆင်ရေးအတွေ့အကြုံကလည်း တစ်ခုတည်းရှိသည့် ထိုကောင်လေးကို ဘယ်လိုများ စိတ်ချထားနိုင်ပါ့မလဲ။ သူ့အစ်ကိုတွေက အတွေ့အကြုံလည်း ပိုများလို့ စိတ်ချလို့ရတယ်။ ထိုကောင်လေးကိုတော့ ဘယ်လိုမှ စိတ်မချ။
လက်ထိခိုက်သွားသည့် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလိုလို။
"ဒုတိယဗိုလ်မှူးကြီးပတ်ဂျီမင် စစ်ဆင်ရေးကို မလိုက်ရဘူး။ ဒါ အမိန့်ပဲ"
"အလေးပြု!"
ဗိုလ်ချုပ်သည် ခပ်ပြတ်ပြတ် အမိန့်ပေးကာ ထွက်သွားသည်။ ကျန်နေခဲ့သည့် ခေါင်းဆောင်ရဲ့မျက်နှာသည် မကြည်မသာဖြင့်။ ဆော့ဂျင်က ခေါင်းဆောင်ဘေးနား ဝင်ထိုင်ကာ..
"ဘာကိုတွေးပူနေတာလဲ..ငါတို့ကိုယုံလိုက်ပါ။ ခေါင်းဆောင်လက်လည်း ထိခိုက်ထားတာကို အေးဆေးနားပြီး နောက်တစ်ခေါက်မှ အတူသွားကြတာပေါ့"
YOU ARE READING
The ALPHA and His LEADER [Completed]
AléatoireLeaderက Angry birdတဲ့...ဘယ်သူကထင်မှာလဲ Angry bird က Lovely heart ဖြစ်လာမယ်လို့