Ep - 2

6.9K 717 82
                                    

ခေါင်းဆောင်ရဲ့အေးစက်မှု့ကိုအရည်ဖျော်ဖို့ စိန်ခေါ်လိုက်သည့် အကြွားသန်လေးသည် ရဲဝံ့စွာဖြင့် ခေါင်းဆောင် ထိုင်နေသော စာပွဲတွင် ခေါင်းဆောင်နှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဝင်ထိုင်သည်။ ကန်တင်းရှိ တပ်သားတွေက သူ့ကို လှည့်ကြည့်လှည့်ကြည့်နဲ့ အံ့ဩနေကြသော်လည်း သူကတော့ ဂရုမထားပါ။ ‌ခေါင်းဆောင်က သူလာထိုင်တာကိုပင် မမြင်သည့်အလား အေးအေးဆေးဆေးပင် ဆက်စားနေသည်။ ခေါင်းဆောင်က တကယ့်ရေခဲတုံးကြီးအတိုင်းပင်။

"ခေါင်းဆောင်"

ကျွန်တော်ခေါ်သော်လည်း ပြန်မထူးပါ။

"ခေါင်းဆောင်"

"ပြော"

ဒုတိယအခေါက်မှာတော့ ပြန်ထူးလာပါသည်။ ထင်သလောက်လည်း ခေါင်းဆောင်က ဂွမကျပါဘူး။

"ကျွန်တော် ဒီမှာလာထိုင်လို့ရတယ်မလား"

"မင်းထိုင်ပြီးနေပြီမဟုတ်လား"

"ခေါင်းဆောင် အဆင်ပြေရဲ့လား"

"ငါက စားပြီးပြီ"

ထရပ်လိုက်တဲ့ ခေါင်းဆောင်ကြောင့် ကျွန်တော်အမြန်ပင် လက်လှမ်းဆွဲမိလိုက်သည်။ ခေါင်းဆောင်မျက်မှာ အလိုမကျ‌ဖြစ်နေပုံမှု အထင်းသား။

"အများကြီး ကျန်သေးတာကို ပြန်ထိုင်ပါ။ ကျွန်တော်တို့ အတူစားလို့ရတာပဲ။ ထမင်းစားတယ်ဆိုတာ တစ်ယောက်တည်းစားတာ ဘယ်လောက်အထီးကျန်လိုက်လဲ။ စားလို့လဲ မဝင်ဘူး။ အများနဲ့စားမှာ စကားလေး တပြောပြောနဲ့ စားဝင်မှာပေါ့"

"အရင်ဆုံး ငါ့လက်ကို အရင်လုပ်လိုက်"

လက်ကို လွတ်ပေးလိုက်တဲ့အခါ ခေါင်းဆောင်ကပြန်ထိုင်သည်။ ကြည့်ရတာ ရုန်းရင်းဆန်ခက်မဖြစ်ချင်၍ သည်းခံလိုက်တဲ့ပုံမျိုး။

"ကျွန်တော် နေ့တိုင်းခေါင်းဆောင်နဲ့ အတူစားလို့ရတယ်မလား"

"ဘာလို့လဲ...မင်းလို ပေါတောတောနဲ့ ပေါက်ပေါက်ဖောက်တတ်တဲ့လူက ဘယ်သူနဲ့မဆို ပေါင်းလို့ရတယ်မလား"

သူ မထိန်းနိုင်အောင် မျက်နှာမဲ့မိသွားသည်။ ခေါင်းဆောင် အတော်လွန်သွားပြီ။ အဲ့လောက်ထိ ပြောစရာလိုလို့လား။ ပေါတောတောနေတာမဟုတ်ဘဲ ပျော်ပျော်နေတတ်တာပါ။ တကယ်ပါပဲ..။

The ALPHA and His LEADER [Completed]Where stories live. Discover now