ညသန်းခေါင်ယံအချိန်တွင်ဖြစ်သည်။
Jungkook သည် အိပ်နေရာမှ အပေါ့အပါးသွားချင်သောကြောင့် အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့ပြီး ယိုင်တိယိုင်တိုင်ဖြင့် ရွက်ဖျင်တဲ အပြင်သို့ ထွက်သွားသည်။ သူ့အပေါ့သွားပြီးနောက် မျက်လုံးအနည်းငယ်ကျယ်သွားသည်။ သူ တဲဆီသို့ ပြန်လာချိန်တွင် တဲရှေ့တွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူသည် တဲထဲကိုကြည့်ရင်း လက်သီးလေးတွေ ဆုပ်ထားသည်။ Jungkook ရှေ့သို့ဆက်မသွားမိဘဲ အဝေးမှသာ ရပ်ကြည့်နေမိသည်။ သူခိုးလား၊ အန္တရာယ်ပေးမည့်သူလား မသဲကွဲတာကြောင့် အဝေးမှ အကဲခတ်နေခြင်းသာ။ သို့သော်လည်း ထိုလူ၏ပုံစံဟာ သူခိုးနဲ့လည်း မတူ။ အန္တရာယ်ပေးချင်သောလူနဲ့လည်းမတူ။
ထိုလူက တဲထဲမှာရှိတဲ့ ခေါင်းဆောင်ကို မျက်ရည်တွေဝိုင်းလျက်သားနဲ့ ကြည့်နေတာ။ ထိုလူရဲ့အသွင်အပြင်ကို ကြည့်မိတဲ့အခါ အဖြူရောင်ဆံသားတို့ကို သတိထားမိသည်။ ထိုဆံသားတို့က ခေါင်းဆောင်နဲ့ သိပ်တူပါသည်။ ထိုလူရဲ့အသားအရည်ကလည်း ဖြူစွပ်နေပြီး မြက်ခင်းပြင်ကို နင်းထားသော ခပ်သေးသေး ခြေဖဝါးတို့က နီရဲနေသည်။ ထိုခြေဖဝါးလေးကအစ ခေါင်းဆောင်နဲ့တူသည်။ ခေါင်းဆောင်ရဲ့ အမွှာညီအစ်ကိုများလား..။
Jungkook ရှေ့သို့ တစ်လှမ်းတိုးလိုက်တဲ့အခါ သစ်ကိုင်းခြောက်ကို နင်းမိသွား၍ ဂျွတ်ခနဲ။ ထိုလူက နားပါးသောကြောင့် ချက်ချင်း သူ့ဘက်လှည့်ကြည့်လာပြီး သူ့ကိုတွေ့သည်နှင့် ချက်ချင်း ပြေးထွက်သွားတော့သည်။ သူမသင်္ကာ၍ နောက်မှ ချက်ချင်းပြေးလိုက်မိတဲ့အခါ ထိုလူက သူ့ကို လှည့်ကြည့်လှည့်ကြည့်ဖြင့် အသားကုန်ပြေးတော့သည်။
ထိုလူ၏ လှပသော အသားအရည်နှင့် နုနယ်သော ခြေလက်တို့ကို ကြည့်လျှင် omegaတစ်ယောက်မှန်း သိသာလှသည်။ Omega တစ်ယောက် ဘယ်လောက်အပြေးမြန်မြန် သူ့လို Dominant Alpha က လိုက်မမှီစရာ အကြောင်းမရှိ။ သို့ဖြစ်၍ ထိုလူကိုလည်း သူခဏလေးဖြင့် လိုက်မှီသွားသည်။
"မင်းဘယ်သူလဲ"
ထိုလူက ပြန်မဖြေ၊ သူ့ကို ခပ်စေ့စေ့ကြည့်ရင်း အကဲခတ်နေသည်။ မျက်နှာချင်းဆိုင်တွေ့လိုက်ရသည့်အခါ ထိုလူ၏ရုပ်ရည်ကို သေချာမြင်လိုက်ရ၍ ခေါင်းဆောင်နဲ့ အတော်တူမှန်း သူသတိထားမိပြန်သည်။ သို့သော်လည်း ထိုလူက ခေါင်းဆောင်လောက်တော့ မချောပါ။ အသက်လည်း အနည်းငယ်ကြီးနေပြီဟု ထင်ရသည်။
YOU ARE READING
The ALPHA and His LEADER [Completed]
LosoweLeaderက Angry birdတဲ့...ဘယ်သူကထင်မှာလဲ Angry bird က Lovely heart ဖြစ်လာမယ်လို့