Ep - 3

6K 707 137
                                    

မိုးစင်စင်မလင်းသေးသော မနက်၄နာရီဖြစ်၏။

အိပ်ကောင်းကောင်းဖြင့်အိပ်မောနေကြသည့် တပ်သားတွေထဲ မအိပ်နိုင်သောသူ တစ်ယောက်‌ရှိလေသည်။ ထိုသူကတော့ တပ်သားဂျောင်ဂုပင်။ စွပ်ကျယ်လက်ပြတ်နှင့် ‌စစ်ဘောင်းဘီတစ်ထည်သာဝတ်ထားသော တပ်သားဂျောင်ဂုသည် ချွေးတလုံးလုံးနှင့် ဒိုက်ထိုးနေ၏။ မျက်နှာထက် မခံမရပ်နိုင်မှု့များ အထင်းသားနှင့်။ လက်ဖျံတစ်ဖက်တွင်လည်း ပလာစရာ နှစ်ခုဆင့်ကပ်ထားသေးသည်။

အ‌ကြောင်းအရင်းမှာ ခေါင်းဆောင်ကို မကျေနပ်၍ဖြစ်သည်။ ‌သူ့ဘဝ အရှုံးဆိုသောအရာနှင့် လုံးဝမအပ်သလို ဘယ်တုန်းကမှ မရှိ။ ရှိလာလျှင်လည်း သေချာပေါက် အနိုင်ကို ပြန်ယူခဲ့သည်။ အရှုံးဆိုတာ ဂျွန်ဂျောင်ဂုဘဝမှာ လုံးဝမရှိလာစေရဘူး။ သည်တစ်ခါလည်း သူ ခေါင်းဆောင်ကို ပြန်အနိုင်ယူမည်။ သူ့ခေါင်းထဲ ခေါင်းဆောင်၏လှုပ်ရှားမှု့တို့က အပြည့်။ ခေါင်းဆောင်ဘယ်လို လှုပ်ရှားတတ်တယ်ဆိုတာကို အသေအချာမှတ်ထားသလို ဘယ်လိုပြန်တိုက်ခိုက်ရမလဲဆိုတာလည်း ခေါင်းထဲ အစီအစဉ်တကျ။

နောက်တစ်ခေါက်မှာ သေချာပေါက် ခေါင်းဆောင်ကို အနိုင်ယူမှာ။ ဒီတစ်ခေါက်နိုင်သွားရတယ်ဆိုတာလည်း ခေါင်းဆောင်က ခွန်အားသာလွန်၍မဟုတ်ဘူး လျင်မြန်မှု့ကြောင့်။ ခွန်အားအရဆိုလျှင် ကျွန်တော်က ပိုသာလွန်ပြီး ခေါင်းဆောင်က လျင်မြန်မှု့မှာ ပိုသာသည်။ ထို့ကြောင့် ဒီ၂အတ်အတွင်း ခေါင်းဆောင်ကို လိုက်မှီအောင် လေ့ကျင်ရန် ဆုံးဖြတ်ထားသည်။ အမှန်အတိုင်းဆိုရလျှင် ခေါင်းဆောင်က တကယ်တော်သည်။ လေးစားစရာလည်းကောင်းသည်။ မနေ့တုန်းက ခေါင်းဆောင်ရဲ့တာဝန်ယူမှု့ရှိလှသည့် လုပ်ရပ်ကို ကျွန်တော် ပိုလေးစားမိသွားခြင်းသာ။ ခေါင်းဆောင်က ထမင်းကို မစားဘဲ သွန်ပစ်ခဲ့မိလို့ဆိုပြီး မနေ့က နေ့လယ်စာကို မစားဘဲ ကိုယ့်အပြစ်ကိုယ်ခံယူခဲ့သည်။ ခေါင်းဆောင်ရဲ့ စိတ်ဓာတ်ကတော့ အမှန်ပင်လေးစားစရာကောင်းသည်။

သို့နှင့် မနက် ၅နာရီ၌ လေ့ကျင့်ခန်းလုပ်ခြင်း ပြီးဆုံးခဲ့သည်။ ချွေးစေးတွေနဲ့ဖြစ်၍ ရေချိုးရန်ထွက်လာခဲ့သည်။ မနက်ပိုင်း ရေချိုးခွင့်မရှိသော်လည်း ခိုးချိုးရန် တိတ်တိတ်လေး ‌ခိုးထွက်ရသည်။ ရေချိုးခန်းရောက်သည့်အခါ ရေကျသံ ခပ်သဲ့သဲ့ကြားလိုက်ရ၍ တစ်ကိုယ်လုံးရှိ မွှေးညှင်းများ မတ်ခနဲ...။

The ALPHA and His LEADER [Completed]Where stories live. Discover now