Extra - 5

8.9K 696 84
                                    

အိမ်ထောင်သက်တမ်း ၄ နှစ်ဖြစ်၏။

"Jeon Jungkook ခင်ဗျ"

"ဘာလဲ Park jimin ဗျ"

"မင်းအခုငါ့ကို နာမည်တပ် ခေါ်လိုက်တာလား! ငါမင်းထက် ၃နှစ်တောင်ကြီးတယ်ဆိုတာ မသိဘူးလား"

"Jimin ပဲ ကျွန်တော့်ကို အရင်ခေါ်တာလေ..."

"ငါကအကြီးလေ"

"အဲ့ဒီတော့"

အိမ်ထောင်ကျပြီးနောက်ပိုင်း မောင့် ရဲ့အမူအကျင့်တွေကို ပိုသိလာတယ်။ မောင်က တကယ့်ကို လက်ပေါက်ကပ်ပြီး ဆိုးတဲ့ကောင်လေး။ ပြောစကားဆိုလည်း နားမထောင်ဘူး။ လုပ်ချင်ရာ လုပ်တာ။ နေချင်သလိုနေ လုပ်ချင်တဲ့အခါမှ ထလုပ်....ကြာလာတော့ သူပင်ပန်းလာပါသည်။

"ငါတကယ်နောင်တရတယ် သိလား...အိမ်ထောင်မပြုခဲ့ရင်ကောင်းသား"

သူ့စကားကို မောင်က မကြားသလိုပင် ဆိုဖာပေါ်ထိုင်ပြီး ဂိမ်းဆော့နေသည်။ သူကတော့ ကြမ်းပြင်မှာကျနေသည့် အမှိုက်တွေကောက်သိမ်းရ၊ အဝတ်လှန်းရ၊ သန့်ရှင်းရေး လုပ်ရနဲ့ မောင်ကတော့ သိပ်နေတတ်လွန်းတယ်။

"Jeon Jungkook!!! ရေချိုးခန်းသွားဆေး!"

"ဟာ! ဘာလဲဗျာ...အခုမှ နားရက်ရတာကို....အိမ်အလုပ်တွေ မခိုင်းနဲ့လေ"

"သွားဆေး...မင်းနားရက်ရတာ ဒါနဲ့ဆို ၃ရက်မြောက်လေ.. မင်းအားယားနေတာ ၃ရက်လုံး။ ဘာအလုပ်မှမလုပ်ဘဲ ဇိမ်ခံနေတာ တော်ရောပေါ့"

"ဂျီမင်က မသိတတ်လိုက်တာ...ကျွန်တော် အရင်ရက်တွေက အလုပ်တွေလုပ်ပြီး ဂျီမင်တို့အဖို့ ပြည့်စုံအောင်ကြိုးစားခဲ့တာလေ။ က်ုယ့်ယောင်္ကျား အိမ်ပြန်ရောက်လာရင် ဘယ်လိုလေး အလိုက်သိရမှန်းမသိတာလား"

ဂျီမင် ရင့်ထဲစို့နင့်သွားရသည်။ သူ တစ်မနက်လုံး မနားရအောင် အလုပ်တွေလုပ်နေရတာကရော။ သိတတ်မှု့မရှိတာ သူလား ကိုယ်လား။ ဂျီမင့်မှာလည်း အလုပ်ရှိသည်။ ဂျီမင် ဖေဖေနဲ့ပေါင်းပြီး ကော်ဖီဆိုင်လေး ဖွင့်ထားတာကြောင့် တစ်ပတ်ကို ၄ရက်လောက်က ဆိုင်ကိုကြီးကြပ်ရသည်။ ကိုယ်တောင် အလုပ်လုပ်ရင်းနဲ့ အိမ်အလုပ်တစ်ဖက်လုပ်နေရတာပဲ။ မောင်ဟာ ပိတ်ရက်လေးမှာတောင် ကိုယ့်ကို ကူဖော်မရ။

The ALPHA and His LEADER [Completed]Where stories live. Discover now