Ep - 13

5.6K 655 106
                                    

မြေပြိုသည့်ကိစ္စများ အားလုံးပြီးနောက်တွင် တပ်သားတွေအားလုံး ခြေကုန်လက်ပန်းကျသွားခဲ့ကြသည်။ ခေါင်းဆောင်ကလည်း နားလည်မှု့ရှိစွာဖြင့် တပ်အတွင်းလုပ်ငန်းဆောင်တာများကို တစ်ပတ်တိတိချော့ချပေးခဲ့သည်။ နာရီ‌လက်တံလေးတရွေ့ရွေ့ဖြင့် အချိန်တွေဟာ မြန်ဆန်လှစွာ တစ်ပတ်ကြာမြင့်ခဲ့ချေပြီ။

တစ်ပတ်ကြာပြီးနောက်တွင်တောင် အကြွားသန်လေး ရင်ထဲတနုတ်နုတ်ဖြစ်နေစဲ အကြောင်းအရင်းကတော့ ခေါင်းဆောင်သာ။ ခေါင်းဆောင်ဟာ နမ်းခဲ့တုန်းက နမ်းပြီး၊ အဲ့ဒီနောက် သူ့ကိုအဖက်တောင်မလုပ်ဘဲ ဖုတ်လေတဲ့ငပိရှိတယ်လို့ပင်မထင်။ အရင်ကဆို စကားလေးကို ခပ်ရှည်ရှည်လေးပြောသေးသည်။ ယခုများမှာတော့ ‘အင်း’တစ်လုံးသာ အများဆုံးပြောသည်။ ဒုတိယအများဆုံးပြောသော စကားတိုကတော့ ‘ဟုတ်ပြီ’။

ထိုကြောင့် jungkook စိတ်ထဲ နေလို့မကောင်းခဲ့ချေ။ ယခုထိတိုင်ပေါ့။ သူဟာ ခေါင်းဆောင်ကို စစတွေ့ချင်းတုန်းက ပစ်ပစ်နှစ်နှစ် ဝေဖန်ခဲ့ရာက ယခုတွင် သဘောကျနေမိသတဲ့။ မဖြစ်သင့်လိုက်တာ! Angry bird ကိုမှ...။

ထယ်ယောင်းသည် ဂျောင်ဂု၏ ရှုပ်ထွေးနေသော မျက်နှာမြင်တဲ့အခါ ပုခုံးကို တစ်ချက်ပုတ်ပြီး မေးလိုက်၏။

" ဘာတွေတွေးနေတာလဲ...."

ကယ်တင်ရှင်တွေ့သွားတဲ့အလား ဂျောင်ဂု၏ မျက်ဝန်းတို့က လက်ခနဲ။ တစ်ခဏလောက် သူမေးရမလား မမေးရမလား တွေဝေနေလိုက်သေး၏။

"အစ်ကိုထယ်ယောင်း....."

"အင်း"

သူ့ကိုကြည့်လာသည့် အစ်ကိုထယ်ယောင်းနှင့် အကြည့်ချင်းဆုံတဲ့အခါ မေးရန်ပြင်နေတဲ့ စကားလုံးတို့ကို ပြောမထွက်တော့။ တကယ်တမ်း alpha တစ်ယောက် ဒီလို လုပ်ခံရတာ ရှက်ဖို့ကောင်းတယ်မဟုတ်လား။ အား...တကယ်ပါပဲ!

"ဘာမှမဟုတ်တော့ဘူး"

မပြောပြချင်တော့၍ ငြင်းလိုက်ရာမှ အစ်ကိုထယ်ယောင်းဆီမှ မျက်နှာသုတ်သဘက်ဖြင့် ပစ်ပေါက်ခြင်း ခံလိုက်ရသည်။ ဘေးနားတွင် အစ်ကိုနမ်ဂျွန်းကလည်း ရောက်နေ၏။

The ALPHA and His LEADER [Completed]Where stories live. Discover now