မနက်ခင်း၏ နေရောင်ခြည်သည် အစပျိုးချေပြီ။ ဝေလီဝေလင်းအချိန်ဖြစ်၍ ကျေးငှက်သံတို့က တကျီကျီ။ သစ်ပင်သစ်ရိပ်များပြားလှသော တောကြီးသည် ပူလောင်ခြင်း နတ္ထိ။ အေးမြမှု့ကို ဆောင်ကျဉ်းလျက်။
အေးမြနေသော ပတ်ဝန်းကျင်တွင် မအေးမြနိုင်သောသူကတော့ အကြွားသန်လေးသာ။ မနီးမဝေးတွင် ထိုင်လျက်အိပ်မောကျနေသော ခေါင်းဆောင်ကို ငေးရင်း သူ့အတွေးတွေရောက်တတ်ရာရာ။ သူ့နှုတ်ခမ်းကို အပေါ်သွားဖြင့် တတိတိကိုက်နေရင်း လက်ချောင်းလေးတွေ အချင်းချင်းပွတ်သပ်နေသည်။ ထိုင်နေပုံကလည်း ဆောင့်ကြောင့်လေး...။
ခေါင်းဆောင်ကတော့ အေးရာအေးကြောင်း အိပ်နေလေရဲ့။ အကြွားသန်လေးရဲ့ မျက်နှာလေးက ခပ်ရဲရဲ။ မနေ့ညက အသည်းအသန်နမ်းမိခြင်းကို တွေးမိတဲ့အခါ စိတ်ထဲအသံတိတ်အော်ဟစ်လိုက်ပြီး မျက်နှာကိုလက်ကြားဖွက်လိုက်မိသည်။ မနေ့ညက ခေါင်းဆောင်ရဲ့ စကားကို ပြန်ကြားယောင်လေလျှင် သူပို၍ ရှက်ရွံ့မိသွားသည်။
ထိုစကားက "မင်းအခုမှနမ်းဖူးတာလား"တဲ့...။ သူမခံမရပ်နိုင် ပြန်ချေပလိုက်ပေမယ့် စကားတွေက ထစ်သွားခဲ့တယ်။
"မ...မဟုတ်ပါဘူး"
ခေါင်းဆောင်က ဟွန်းခနဲ ရယ်သည်။
"တကယ်...တကယ် မ..မဟုတ်ပါဘူးဆို!"
အကြွားသန်လေးရဲ့ မျက်နှာက နီရဲတွတ်လာပြီး မျက်တောင်လေးတွေက တဖျက်ဖျက်ခတ်နေသည်။
"ကျွန်တော် ရည်းစားထားဖူးပါတယ်နော်"
"ဘယ်သူက မေးလို့လဲ..."
"ခေါင်းဆောင်ပဲ အခုမှနမ်းဖူးတာလားဆို"
"ဟုတ်တယ်လေ"
"မဟုတ်ပါဘူးဆိုနေ...!"
ရှက်ရွံ့မှု့ကြောင့် ငြင်းဆိုမိလိုက်တဲ့စကားက ကျယ်လောင်သွားသည်။ ခေါင်းဆောင်က ရယ်၏။ မျက်လုံးလေးတွေ မှိတ်ကျသွားတဲ့အထိ။ ပါးလေးတွေ ဖောင်းတက်သွားတဲ့အထိ။ သဘောတကျကို ရယ်နေခဲ့တာ။ မခံမရပ်နိုင်ဖြစ်နေမိသော်လည်း အတင်းမငြင်းဆန်မိတော့။ ခေါင်းဆောင်ရယ်နေတဲ့ အပြုံးလေးတွေ ပျောက်သွားမှာစိုးလို့ပါ။ ပထမဆုံးမြင်ဖူးတာ...။ လှတယ်။ ကျက်သရေရှိပြီး အေးချမ်းတယ်။ ခေါင်းဆောင်က ရယ်တတ်သေးတာပဲဟုလည်း တွေးမိပြန်တယ်။
YOU ARE READING
The ALPHA and His LEADER [Completed]
De TodoLeaderက Angry birdတဲ့...ဘယ်သူကထင်မှာလဲ Angry bird က Lovely heart ဖြစ်လာမယ်လို့