Ep - 25

7.2K 700 206
                                    

"အားဆေးသွင်းပေးထားတာမလို့ မကြာခင် နိုးလာလိမ့်မယ်"

ဒေါက်တာလေးစကားကို ခေါင်းလေး တဆတ်ဆတ်ငြိမ့်ရင်း နားထောင်နေတဲ့ အကြွားသန်လေးသည် မျက်နှာငယ်လေးဖြင့်။

"မင်း တစ်ခါလည်း မဟုတ် နှစ်ခါမဟုတ်...ဘာလုပ်အဲ့လောက် လုပ်ရတာလဲ။ ပထမတစ်ခါဆို ငါ၃ရက်တောင် ဆေးချိတ်ပေးလိုက်ရတာ"

"ပထမတစ်ခါ?"

အကြွားသန်လေး၏ အူကြောင်ကြောင် မျက်နှာပေးကိုကြည့်ရင်း ဒေါက်တာလေးက ခေါင်းတခါခါ...။

"မမှတ်မိဘူးလား...မင်း စစ်ဆင်ရေး ပထမဆုံးလုပ်တုန်းကလေ မူးယစ်ဆေးမတော်တဆ ရှူမိလို့ Rutဝင်တဲ့အချိန်က"

"ဗျာ!"

"မမှတ်မိဘူးပဲ"

"အဲ့တုန်းက ခေါင်းဆောင် ဒေါက်တာလေးဆီ အပြေးသွားတယ်ဆိုတာ ကျွန်တော့်ကြောင့်ပေါ့"

"အင်းပေါ့...ငါ့ဆီလည်းရောက်ရော ကြမ်းပြင်ပေါ်ခွေခနဲပဲ။ သူ လမ်းတောင်မနည်းလျှောက်လာရပုံပဲ...မျက်နှာကိုဖြူဖျော့ပြီးတော့ သနားပါတယ်...ငါ့လက်ထဲရောက်တော့ မေ့လဲသွားရော..။ နောက်တစ်ခါဆို ညှာတာပါကွာ...သူ့လိုသန်မာတဲ့လူတောင် လဲတဲ့အထိဆိုတော့ မင်းအတော်ရက်စက်တာပဲ"

"မဟုတ်...ဘူးဗျာ...ကျွန်တော်...Rut ဝင်ရင် အသိစိတ်မရှိတော့လို့ မထိန်းနိုင်တော့တာ"

အကြွားသန်alphaလေးမှာ ငိုမဲ့မဲ့ဖြင့် ခေါင်းဆောင်ရဲ့လက်လေးကို ဆုပ်ကိုင်ထားရင်း စိတ်ပူနေရှာသည်။ ဒေါက်တာလေးသည် သက်ပြင်းဖွဖွချပြီး အကြွားသန်လေး၏ ပုခုံးကို ခပ်ဖွဖွပုတ်ပေးပြီး ထွက်သွား၏။

သူလည်း ခေါင်းဆောင်ကို သည်လိုဖြစ်အောင်ဘယ်လုပ်ချင်ပါ့မလဲ။ သူအသိစိတ်မရှိတော့ ဘာမှမထိန်းချုပ်နိုင်လို့ ဖြစ်သွားရတာ။ တကယ့်တကယ်တမ်းကြ ခေါင်းဆောင်ကို လက်ညှိုးလေးနဲ့တောင် မထိုးရက်..။

ခေါင်းဆောင်က ဗလနဲ့ဇနဲ့သာပြောတာ လက်လေးတွေက သေးသေးလေးတွေ...ထိပ်လေးတွေက နီနီရဲရဲလေး ။

အသားလေးကလည်း နုနုလေး။

ခြေဖမိုးလေးဆို နမ်းလိုက်ရင် အိဝင်သွားတာ..။

The ALPHA and His LEADER [Completed]Where stories live. Discover now