Chapter 31
October 03, 2023
Chapter 31ချီရှင်းချန်၏လက်မှာတုန်ယင်သွားပြီး သူ၏ဖုန်းမှာ မျက်နှာပေါ်သို့ ဖတ်ခနဲ ပြုတ်ကျလာခဲ့သည်။
၎င်းမှာ သူ၏ခိုက်မိထားသောနှာခေါင်းရိုးပေါ်သို့ ရိုက်မိသွားပြီး ကြယ်များမြင်သွားရသည်အထိ အလွန်ပင်နာကျင်လှသော်လည်း ချီရှင်းချန် အနည်းငယ်မယုံနိုင်ဖြစ်နေရသောကြောင့် ပိုင်ရဲ့၏အဓိကစာမျက်နှာပေါ်သို့ တက်ကာ သူ၏followလုပ်ထားသူများစာရင်းကို နှိပ်ကြည့်လိုက်သည်။
ချီရှင်းချန် ဟူသော စာလုံးကြီးကြီး၃လုံးမှာ အမှန်ကိုထိပ်ဆုံးတွင်ရှိနေခဲ့သည်။
တကယ်ကို အဓိကဇာတ်လိုက်ကြီးမှာ သူ့ကိုFollowလာခဲ့သည်။
ဖန်ပေါင်းသန်းရှစ်ဆယ်ကျော် ကိုးဆယ်နီးပါးရှိသည့် ပထမအဆင့်ကြယ်ပွင့်တစ်ယောက်အနေဖြင့် ပိုင်ရဲ့၏ကျော်ကြားမှုမှာ အမှန်ကိုပြိုင်ဘက်ကင်းလှသည်။ ရိုးရိုးရှင်းရှင်း Followလိုက်ရုံလေးနှင့်ပင် ချီရှင်းချန်၏ဝေ့ပေါ်အဓိကစာမျက်နှာမှာ တခဏအတွင်း ပြန့်ကြဲသွားရလေသည်။
ထို့အပြင် မန့်အများဆုံးမှာ ယခုပင်သူတင်ထားသည့်ပို့စ်ပင်ဖြစ်သည်။
[ ညဉ့်ကောင်းကင် မြေပြင်အခြေအနေစောင့်ကြည့်အသင်းမှ စစ်ဆေးရန်ဝင်လာပါပြီ …]
[ ညဉ့်ကောင်းကင် +၁ ]
[ ဝါးးးး ဒီမောင်ငယ်လေးက အရမ်းကြည့်ကောင်းတာပဲ… ရုပ်ချောတဲ့ကောင်လေးတွေက နောက်ထပ်ရုပ်ချောတဲ့သူတွေနဲ့ပဲ သူငယ်ချင်းလုပ်လို့ရတာလားဟင်…]
[ ငါအခုမှရုတ်တရက်သတိရသွားတာ ဒီကောင်လေးက ဟိုတစ်ခါရဲ့ကောကားပေါ်ကဆင်းလာတဲ့တစ်ယောက်မလား…]
နောက်ဆုံးသောမန့်မှာ မိုင်မန့်ရုံးချုပ်တွင် သွားရောက်ရိုက်ကူးရသော ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏သီးသန့်အင်တာဗျူးမှ အဖြစ်အပျက်ကို ရည်ညွှန်းနေခဲ့သည်။ ထိုနေ့တွင် ချီရှင်းချန်ကားမပါသောကြောင့် ပိုင်ရဲ့မှသူ့ကိုလမ်းကြုံလိုက်ပို့ပေးခဲ့ခြင်းပင်။
YOU ARE READING
ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်
Historical FictionTitle - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...