chapter 144

579 83 1
                                    

Chapter 144 Cannon fodder family
Cannon fodder familyNovember 10, 2023


Chapter 144

ပိုင်ရဲ့က မစောင့်နိုင်ဘူးဟု ပြောသည့်အခါ ချီရှင်းချန် သူ့ကို တကယ် စောင့်မ​နေခိုင်းခဲ့။သူက ပိုင်ရဲ့လည်ပင်းကို တွဲခိုပြီး ခြေဖျားထောက် ရပ်ကာ ပိုင်ရဲ့ကို နမ်းလိုက်သည်။

သူတို့၏ နှုတ်ခမ်းများ ထိကပ်လိုက်သည့်အခါမှာ သူတို့၏တောင့်တမှုတွေက ကမ္ဘာမြေပေါ်ကို အင်္ဂါဂြိုလ် ပျက်ကျသလိုမျိုး တောက်လောင်လာခဲ့သည်။ပိုင်ရဲ့က လူကြီးလူကောင်းဖြစ်ရန် မေ့သွားခဲ့၏။ ဘာအတားအဆီးမှမရှိပဲ တစ်ဖက်လူဓနှုတ်ခမ်းနှင့်သွားများကိုကလော်ဖွင့်ပြီး တန်းတန်းမတ်မတ်တိုးဝင်သွားခဲ့၏။ သူ၏ လျှာဖျားက ချီရှင်းချန်၏ ပျော့ပျောင်းသော ခံတွင်းနံရံများထဲတွင်လူးလွန့်လျှောက်သွာနေခဲ့ပြီး ၎င်းနောက် ချီရှင်းချန်၏ အနည်းငယ် ကျုံ့နေသော လျှာတစ်ဝိုက်တွင် ရစ်ပတ်ကာ ချိတ်လိုက်သည်။ထို့နောက် ၎င်းကို သူ့နှုတ်ခမ်းများကြားတွင်ညှပ်ကာ စုပ်လိုက်လျက်လိုက်၊ ညင်ညင်သာသာလေးကိုက်လိုက်ဖြင့် နူးညံ့ပြီးနီရဲနေသော တစ်လက်မချင်းစီတိုင်းကို အပိုင်သိမ်းနေလေသည်။

ချီရှင်းချန် သူ့အနမ်းကြောင့် မူးဝေနေပြီး သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ လျှောကျသွားသည်။ သူ့လျှာကို ပြန်သိမ်းချင်ပေမဲ့ ပိုင်ရဲ့က သူ့ကို ခွင့်မပြုပေ။သူ့လက်များကို တင်းကြပ်၍ တစ်လက်လူကို ပိုပြီးတင်းတင်းကြပ်ကြပ် ဖက်ထားကာ ပိုင်ရဲ့၏ ခန္ဓာကိုယ်ပေါ်မှ ပြုတ်မကျအောင် ကြိုးစားရုံသာတတ်နိုင်လေသည်။

သူ မည်မျှကြာအောင် သူတို့ နမ်းကြသည်ကိုမသိ။မိနစ် 30လောက် ကြာလောက်မည်ထင်သည်။ နောက်ဆုံးမှာ လတ်ဆတ်သောလေကိုရှူလိုက်ရပြီး ပိုင်ရဲ့က သူ့ကို လွှတ်​ပေးလိုက်သည်။

သူ့ပါးစပ်ကို အကြာကြီးဖွင့်ထားရသဖြင့် သူ့နှုတ်ခမ်းထောင့်မှာ စိုစွတ်နေသည့် အစွန်းအထင်းလေးတစ်ခုရှိသည်။ချီရှင်းချန် ၎င်းကိုဂရုမစိုက်​ပေ။ သူက ပိုင်ရဲ့၏ ပခုံးပေါ်တွင် ညင်သာစွာ လှဲချလိုက်သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now