chapter 150

321 56 0
                                    

Chapter 150 Cannon fodder family
November 10, 2023

Chapter 150

သူ၏အနာဂတ်ပျော်ရွှင်မှုအတွက် ချီရှင်းချန်တစ်ယောက် အသက်ကိုစွန့်စားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဟိုဟိုသည်သည်ကြည့်လိုက်သောအခါ အစေခံတွေက ​ကြမ်းပြင်မှာ ငုတ်တုတ်ထိုင်ပြီး ပန်းအိုးထဲက​ပင်တွေ၏ အရွက်သေတွေကို ​ဖြတ်နေကြသည်ကို မြင်လိုက်ရသည်။ချီရှင်းချန် တိတ်တဆိတ်ထလိုက်ပြီး ဆိုဖာပေါ် ခြေထောက်တစ်ဖက် တင်လိုက်သည်။ပိုင်ရဲ့ သူ့ကို မနမ်းခင် ခါတိုင်းလိုလုပ်သလိုမျိုး တစ်ဖက်လူ၏ မျက်နှာကို ကိုင်ထားလိုက်သည်။

သူ့လျှာဖျားကို ထုတ်ပြီး တင်းတင်းစေ့ထားသော တစ်ဖက်လူ၏နှုတ်ခမ်းကို လျက်လိုက်သည်။

ချီရှင်းချန်က ဤကဲ့သို့သော အစပြုမှုမျိုးကို ရှားရှားပါးပါး ပြုလုပ်ခဲ့ချိန်တိုင်း ပိုင်ရဲ့ ၎င်းကို ခံနိုင်ရည်မရှိပေ။ အကြိမ်အနည်းငယ် အလျက်ခံပြီးနောက် ပိုင်ရဲ့တိုက်စစ်အနေအထားကိုပြောင်းကာ တစ်ဖက်လူ၏လျှာကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက်ဆွဲစုပ်လိုက်သည်။

"ဘုန်း-"

အနမ်းက မနက်ရှိုင်းခင်မှာ အနောက်ကနေ ကြမ်းပြင်ပေါ် တစ်ခုခု ပြုတ်ကျလာသည့် အသံတစ်ခု ထွက်လာသည်။

ချီရှင်းချန် အတော်လေး ကြောက်သွားပြီး အမြန်ပြန်ထိုင်လိုက်သည်။ပိုင်ရဲ လှည့်ကြည့်လိုက်သောအခါ အိမ်အကူက ကတ်ကြေးကုန်းကောက်နေသည်ကို တွေ့လိုက်ရသည်။

"ဘာမှ မတွေ့လိုက်ပါဘူး...ဆက်လုပ်​ကြပါရှင့်"

ချီရှင်းချန်မည်သို ဆက်လုပ်ရဲမည်နည်း။သူသည်မှာ တစ်စက္ကန့်ပင် မနေချင်တော့ပေ။

"ဒေါ်လေးကို ထမင်းဟင်းကူချက်ပေးလိုက်ဦးမယ်"ဟု ကမန်းကတန်းပြောပြီး ထွက်ပြေးသွားခဲ့သည်။

သူ မီးဖိုချောင်ထဲ ပြေးသွားပေမဲ့ အမေပိုင်က သူ့ကို ဘာတစ်ခုမှ ထိခွင့်မပေးပေ။ကိုယ့်ကိုကိုယ် မထိခိုက်စေရဘူးဟု ထပ်ခါတလဲလဲ ကတိပေးပြီးသည့်နောက်မှာ အဖေပိုင်နှင့်အမေပိုင်တို့၏ စိုးရိမ်သောကအကြည့်တွေအောက်မှာ အရသာရှိသည့် ဟင်းသုံးမျိုးကို ချက်ခဲ့သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now