Chapter 74
October 22, 2023
Chapter 74ချီရှင်းချန်၏ အတန်းချိန်ဇယားကို သူမပထမဆုံးမြင်သောအခါ ဟန်ချင်း သင်တန်းသားတစ်ယောက်အနေဖြင့် မအံ့သြခဲ့ပေ။ သို့သော်လည်း အတန်းတွေပြည့်နေသော အချိန်ဇယားနှင့် အိပ်ချိန်ကလွဲ၍ သူ့အတွက် အချိန်မရှိသလောက် ဖြစ်နေသည့်အတွက် အနည်းငယ် အံ့သြမိသည်။
အတန်းစတက်သည့်နေ့မှာ ဟန်ချင်းနှင့်ချီရှင်းချန် အတူတူ ကြမ်းပြင်ပေါ် ပုံကျသွားခဲ့သည်။
"ရှင်းရှင်း ဘယ်နှစ်ရက်နေနိုင်မလဲဆိုတာ ကြည့်ရအောင်"
အတန်းသုံးရက်မြောက်ပြီးနောက်၊ ဟန်ချင်းနှင့် ချီရှင်းချန်တို့ အတူတူ ကြမ်းပြင်ပေါ် ပုံကျသွားပြန်ကာ "ရှင်းရှင်းက အရင်ကထက် ပိုပင်ပန်းနေပြီ" ဟုဟန်ချင်း တွေးလိုက်မိသည်။
အတန်းငါးရက်မြောက်ပြီးနောက်တွင် ဟန်ချင်းနှင့် ချီရှင်းချန်တို့သည် ဘာမှမစဉ်းစားနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် လဲကျသွားသည်။
ထို့နောက် "Siren" ကြော်ငြာရိုက်ကူးရန် အချိန်ကျရောက်လာခဲ့သည်။
ပြင်းထန်သော လေ့ကျင့်ရေးမှာ ငါးရက်ကြာပြီးနောက်၊ချီရှင်းချန် အနည်းငယ် ကိုယ်အလေးချိန်ကျသွားသည်။ချွေးတွေပိုထွက်ပြီး အသားအရေအခြေအနေက ပိုကောင်းလာသည်။ Après ၏ ထုတ်ကုန်မန်နေဂျာ Camilleက သူ့ကိုတွေ့သောအခါ၊ audition တုန်းကထက် ပို၍ပင် အံ့သြသွားခဲ့သည်။ မှန်ကန်သည့်လူကို ရွေးချယ်ခဲ့အတွက် သူမကိုယ်သူမ ချီးမွမ်းခဲ့၏။
အပြင်ဘက်ရှုတင်မှာ ရေစိုခံရိုက်ကူးရမည်ဖြစ်သောကြောင့် ဓာတ်ပုံအဖွဲ့က အတွင်းရှုတင် ပထမဆုံးရိုက်ကူးရန် ပြင်ဆင်ခဲ့သည်။စတူဒီယိုတွင်းရိုင်ကူးမှုမှာ ကြော်ငြာအတွက် အဓိကဖြစ်ပြီး ပရောဂျက်၏ ဆောင်ပုဒ်မှာ "ပင်လယ်သမုဒ္ဒရာအောက်" ဖြစ်သည်။
အပြင်အဆင်နှင့် လိုက်ဖက်ရန်အတွက် အတွင်းခန်းကို အပြာနုရောင်နှင့် နက်ပြာရောင် မှန်များကို အသုံးပြုကာ တောက်ပပြီးအိပ်မက်ဆန်သော နန်းတော်တစ်ခု တည်ဆောက်ခဲ့သည်။ချီရှင်းချန် ယခုလိုအနေအထားမျိုး တစ်ခါမှ မမြင်ဖူးပေ။ထို့ကြောင့် သူ့အတွက် အတော်လေး ဆန်းကြယ်နေသည်။
YOU ARE READING
ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်
Historical FictionTitle - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...