chapter 148

332 71 1
                                    

Chapter 148 Cannon fodder family
November 10, 2023

Chapter 148

ငြင်းခုံခြင်းမှာ နောက်ဆုံးတွင် လုံးဝ အဆုံးသတ်သွားခဲ့သည်။

ရွှေအဆင့် ဖျန်ဖြေသူ ချီရှင်းချန်က ပဋိပက္ခကို ပြေလည်အောင် ဆောင်ရွက်ပေးပြီးနောက်၊ သူ့အင်္ကျီလက်များကို လှန်တင်ကာ ဖက်ထုပ်ပြုတ်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။ လမ်းမှာ သူ့ဖုန်းက နှစ်ခါတုန်ခါသံကြားလိုက်ရသည်။ အော်ပရေတာထံမှ နှစ်သစ်ဆု​တောင်းစကားဟု သူထင်ပြီး ၎င်းကို စိတ်ထဲမထည့်ခဲ့ပေ။

ဖက်ထုပ်တွေအကုန်လုံး အိုးထဲရောက်ပြီး ပထမရေအေးတစ်​ရေကိုထပ်ဖြည့်မည်ကို စောင့်နေချိန်မှာ ချီရှင်းချန် မှတ်ချက်တွေကို ကြည့်ဖို့ အချိန်မရှိသည်ကို သတိရပြီစ Weibo ကိုပြန်ဖွင့်လိုက်သည်။

ပိုင်ရဲ့က လွန်ခဲ့သည့်သုံးမိနစ်က နှစ်သစ်နှုတ်ခွန်းဆက်စာတင်ထားသည်ကို တွေ့ရသောအခါ သူ အံ့သြသွားသည်။

— — ပိုင်ရဲ့: ညဥ့်ကောင်းကင် နဲ့ ကြယ်အလင်းတန်း အားလုံး ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး ဖြစ်ပါစေ၊ ငြိမ်းချမ်းပြီး အောင်မြင်ပါစေ [အသဲ]

… ထပ်လောင်းစကားလုံးတစ်လုံးရှိရုံမှလွဲ၍ ဖော်မတ်နှင့် နောက်ဆက်တွဲကအစ သူနှင့် အတိအကျတူညီ​​လေ သည်။

သူ့အချစ်ကို လူသိရှင်ကြား ကပ်တိုးလေးကြွားရသည်က ပထမဆုံးအကြိမ်ဖြစ်သဖြင့် ချီရှင်းချန် မနေနိုင်ဘဲ ရှက်သွေးဖြားသွား၏။

နှုတ်ခမ်းကို စုဝိုင်းရင်း အောက်က မှတ်ချက်ကဏ္ဍကို ဖွင့်လိုက်သည်။

[အိုး...ရဲ့ကောက သူ့မိသားစုဝင်ကို ဒီလောက်အစောကြီး မျက်နှာချိုသွေးဖို့ ကြိုးစားနေတာလား]

[ကျယ်​မေ့တို့ အနံ့ရ​ကြလား...ချစ်ခြင်းမေတ္တာရဲ့ အနံ့လေ]

[နှစ်သစ်ကြီးကို မင်းက စင်ဂယ်​ခွေးတွေကို နှိပ်စက်တုန်း... မင်းမှာ အသိတရားမရှိဘူး!]

[ရဲ့ကောက ရှောင်ချီကို ဘယ်လောက်ကြိုက်လဲကြည့်...​ကြိုက်လွန်းလို့ အနီရောင် အသဲအီမိုဂျီလေးကို ပို့စ်တင်ဖို့အတွက် သူ့ရဲ့ မာနကို ဘေးဖယ်ထားလိုက်တယ်]

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Donde viven las historias. Descúbrelo ahora